ရန်ကုန်၊ ဇွန် ၁၁
စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်တွင် ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ပစ်ချလိုက်သော တိုက်လေယာဉ်မှ လေယာဉ်မှူးသေဆုံးကြောင်း အတည် ပြုလိုက်ပြီး လေယာဉ်ပျက်သည့်နေရာမှ ရုပ်အလောင်း ၄ ခု ရရှိထားကြောင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သတင်းနှင့်ပြန် ကြားရေး တာဝန် ရှိသူ ရဲဘော် နီနီကျော်က ပြောဆိုသည်။
ယမန်နေ့ ဇွန်လ ၁၀ ရက်နေ့ မွန်းလွဲ ၁၂ နာရီ ၁၅ မိနစ်အချိန် စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ ကန့်ဒေါင့်စခန်းသိမ်း တိုက်ပွဲအတွင်း ပြည်သူ့လွတ်မြောက်ရေးတပ်မတော် – PLA က တိုက်လေယာဉ်ကို ပစ်ချနိုင်ခဲ့ကြောင်း၊ ယင်းလေယာဉ်မှာ စပါးစေ့ကျေးရွာအတွင်းသို့ ပျက်ကျသွားခဲ့ပြီး တိုက်လေယာဉ်မှူး ၁ ဦး သေဆုံးသည်ကို အတည်ပြုထားနိုင်ကြောင်း သိရှိရသည်။
တိုက်လေယာဉ်ပျက်ကျရာ နေရာရှိ အိမ်တစ်လုံးထဲတွင် ရုပ်အလောင်း ၃ လောင်း နှင့် ခြံ၀န်းထဲတွင် ရုပ်အ လောင်း ၁ လောင်း၊ စုစုပေါင်း ရုပ်အလောင်း ၄ ခု တွေ့ရှိရပြီး အချို့ရုပ်အလောင်းများမှာ လုံး၀မီးကျွမ်းထားပြီး အချို့မှာ မီးဆက်မလောင်ဘဲ ရှိနေကြောင်း၊ ရုပ်အလောင်းများမှာ မီးကျွမ်းထားကြောင်း သိရှိရသည်။
“အလောင်း ၄ လောင်းတော့တွေ့တယ်။ အကုန်လုံးက မီးလောင်ကျွမ်းပျက်စီးနေတဲ့အတွက်ကြောင့် လေယာဉ်မှူးအလောင်းလား၊ လေယာဉ်ပျက်ကျတဲ့ အရပ် သားနေအိမ်ပေါ်က ပြည်သူရဲ့ အလောင်း လားတော့ ခွဲခြားလို့မရသေးဘူး။ အလောင်း ၄ လောင်းတွေ့တာတော့ အတည်ပြုလို့ရပါတယ်” ဟု ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော် နီနီကျော်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ပျက်ကျမီးလောင်ကျွမ်းသွားသည့် တိုက်လေယာဉ် အမျိုးအစားကိုလည်း အတည် ပြုနိုင်ရန် PLA က ဆက်လက်ကြိုးစားနေဆဲဖြစ်ပြီး ပုလဲမြို့နယ်၊ ကန်ဒေါင့်ရွာရှိ စစ်ကောင်စီတပ်စခန်းကို ဆက်လက် ၍ ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar








