25 C
Yangon

ကမ္မမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်

Must read

ရန်ကုန်၊ ဇွန် ၁၁

မကွေးတိုင်း၊ ကမ္မမြို့နယ်အတွင်း စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၂ ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီး ကျေးရွာများကို လေကြောင်းဖြင့် ဆက်တိုက် ဗုံးကျဲ တိုက်ခိုက်နေကြောင်း ကမ္မဒေသတော်လှန်ရေးတပ်ပေါင်းစုမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

မေလ ၂၈ ရက်နေ့တွင် ကမ္မမြို့နယ်အတွင်း ရောက်ရှိနေသော အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်းမှ ရှေ့ပြေး စစ်ကောင်စီတပ်သားများက ကမ္မ-ပေါက် လမ်းပိုင်းရှိ ကမ္မ တပ်ပေါင်းစု၏ စခန်း တစ်ခုကို မီးရှို့ဖျက်ဆီးခဲ့ခြင်းကြောင့် အီနာဂါ ဗုံးသီးများ၊ ထုတ်လုပ်ရေး စက်ပစ္စည်းများ၊ ခဲယမ်းများ၊ ဆိုင်ကယ်များ စုစုပေါင်း ကာလတန်ကြေး သိန်း ၅၀၀ ဝန်းကျင်ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း သိရသည်။

ယင်းနေ့တွင် အကြမ်းဖက် စစ်တပ်၏ ရှေ့ပြေး စစ်ကောင်စီ တပ်သားများက မန်ကျည်းတန်းရွာ ၊ အင်းဘတ်ရွာနှင့် မယ်ဇလီရွာတွင် နေထိုင်သော ပြည်သူ ၄ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရွှေလှံရွာ အရောက်တွင် ပြည်သူ တစ်ဦးကို လမ်းမီးတိုင်တွင် ကြိုးတုတ်ပြီး သတ်ဖြတ်ခဲ့ကြောင်း၊ ဇွန်လ ၃ ရက်နေ့တွင် အကြမ်းဖက် စစ်တပ်၏ ရိက္ခာပို့စစ်ကြောင်း ရောက်ရှိလာပြီး ရွာသာအေးရွာ ၊ရေမျက်ရွာ ၊ ပြည့်အိုင်ရွာ နှင့် ရေလာကြီးရွာမှ ပြည်သူ ၈ ဦးကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရှိရသည်။

ဇွန်လ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို မိုင်းဆွဲရန် စောင့်နေသည့် ကမ္မတပ်ပေါင်းစုမှ တော်လှန်ရေး ရဲဘော်များနှင့် ဆားကျင်းကုန်းတွင် ထိတွေ့ တိုက်ပွဲဖြစ်ပွားပြီး တော်လှန်ရေး ရဲဘော် ၁ ဦး ကျဆုံးခဲ့ကြောင်းသိရသည်။

ဇွန်လ ၆ ရက်နေ့တွင် ကမ္မဒေသ မန်ကျည်းသုံးပင်ရွာကို ဆိပ်ဖြူ ကပစ စက်ရုံမှ တက်လာသည့် စက်တပ် လေထီး ၁ စီးနှင့် ပခုက္ကူ တပ်မ ၁၀၁ မှ တက်လာသော စက်တပ် လေထီး ၂ စီးတို့က ဗုံးသီးများ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၇ ရက်နေ့တွင် ကမ္မဒေသ သံဘိုရွာကို တံတားဦးလေတပ်မှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ Y-12 လေယာဉ်က လေကြောင်း တိုက်ခိုက်မှု ၁၂ ကြိမ်၊ ၁၂၀ မမ ဗုံးသီး ၃၇ လုံး ဖြင့် ကျဲချ တိုက်ခိုက်ခဲ့ရာ ပြည်သူပိုင် နေအိမ်များ ပျက်စီးခဲ့ပြီး ပြည်သူများ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။

ဇွန်လ ၈ ရက်နေ့တွင်လည်း ကမ္မဒေသ ထနောင်းရွာနှင့် ဂျိုးပျံရွာ စစ်ဘေးရှောင်ပြည်သူများနေထိုင်ရာ တောတဲများကို အကြမ်းဖက်စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ၅ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ဇွန်လ ၉ ရက်နေ့တွင်လည်း ကမ္မဒေသ ဂျိုးပျံရွာ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ တောတဲများကို အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဒရုန်းဖြင့် ၄ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ပြီး လက်နက်ကြီးများဖြင့်လည်း ရမ်းသမ်းပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဇွန်လ ၉ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ ဖမ်းဆီးသွားသည့် ပြည်သူများထဲမှ တစ်ဦးကို ကမ္မချောင်းထဲတွင် သတ်ဖြတ်ပြီး ရုပ်အလောင်း ဖျောက်ဖျက်ပစ်ခဲ့ကြောင်း၊ ထို စစ်ကြောင်းထံမှ ထွက်ပြေး လွတ်မြောက်လာသည့် ရေမျက်ကျေးရွာမှ ပြည်သူတစ်ဦးကိုလည်း ကမ္မတပ်ပေါင်းစု၏ ကမ္မကာကွယ်ရေးအဖွဲ့က ဆေးကုသပေးလျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article