ဒီကနေ့ ဇွန် ၁၂ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ် ၁၀၅ မိုင်မှာ မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့က တရားဝင်အခွန် ကောက်ခံမယ်လို့ အသိပေးကြေညာထားကြောင်း မူဆယ်အခြေစိုက် နယ်စပ်ကုန်သည်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်မှာ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်- PLA က ပစ်ချလိုက်တဲ့ တိုက် လေယာဉ်က လေယာဉ်မှူး သေဆုံးသွားတယ်လို့ အတည်ပြုလိုက်ပြီး လေယာဉ်ပျက်တဲ့နေရာကနေ ရုပ်အလောင်း ၄ လောင်းရရှိထားတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA) မှ သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ရဲဘော်နီနီကျော်က ပြောပါတယ်။
- မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်မှာ ၃ ရက်အတွင်း လူငယ် ၃၀ ကျော် စစ်မှုထမ်းခိုင်းဖို့ ပေါ်တာဆွဲ ဖမ်းဆီးခံရတဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
