ရန်ကုန်၊ဇွန် ၁၂
ပခုက္ကူမြို့နယ်၊ အနောက်မန်ကျည်းကန် ပျူစောထီးရွာစစ်စခန်းကို ဝင်ရောက်တိုက်ခိုက်ခဲ့ရာ စစ်သား ၅ ဦးသေဆုံးခဲ့ကြောင်း အညာမြေတပ်ပေါင်းစု အဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ဇွန် ၁၀ ရက်နေ့ နံနက် ၅နာရီခန့်မှ နံနက် ၇ နာရီ အချိန်အထိ ပခုက္ကူမြို့နယ်၊အနောက်မန်ကျည်းကန် ပျူစောထီးကျေးရွာစစ်စခန်းသို့ အညာမြေတပ်ပေါင်းစုနှင့် ဧရာဒေါင်းတပ်ဖွဲ့တို့ ဦးဆောင်သော တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ တိုက်ပွဲဖြစ်ပွားချိန် ၁နာရီ ၃၀မိနစ်ခန့် ကြာမြင့်ခဲ့ပြီး စစ်တပ်ဘန်ကာ ၃ လုံးကို သိမ်းပိုက်ရရှိခဲ့ကြောင်း၊ တော်လှန်ရေး အဖွဲ့များက ပျူစောထီးရွာစစ်စခန်းကို အပြီးတိုင် သိမ်းပိုက်အံ့ဆဲဆဲတွင် ဘဲကြီးပျူရွာနှင့် ပခုက္ကူတပ်မ ၁၀၁ တို့မှ စစ်ကူများရောက်ရှိလာသဖြင့် တော်လှန်ရေး အင်အားစုများ ပြန်လည် ဆုတ်ခွာခဲ့ရကြောင်း သိရှိရသည်။
အဆိုပါ တိုက်ခိုက်မှုတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ စစ်သားများ ၅ ဦးသေဆုံးခဲ့ကာ ၂ ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း၊ တော်လှန်ရေး ရဲဘော် ၃ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်းသိရှိရသည်။
” အဲဒီရွာမှာ စစ်ခွေးအင်အားနဲ့ ပျူအင်အား ၁၀၀ ကျော်ရှိပါတယ်။ အခုက သူတို့အင်အားနည်းချိန် ဝင်တိုက်တာပါ။ ပုံမှန်ဆို အင်အားများတယ်။အခု အင်အား နည်းနေရတာက ပေါက်စစ်ကြောင်းကို သူတို့အကုန်ပါသွားကြတယ်။ အဲအချိန်မှာ ဝင်လုံးတာပါ။ စစ်ခွေး အရှင်က မဖမ်းမိပါဘူး။ သေတာက ၅ ကောင်ပဲ။ ကျနော်တို့ အညာမြေတပ်ပေါင်းစုအနေနဲ့ ကျနော်တို့ ဒေသတွင်းမှာ ပျူစခန်း၊စစ်ခွေး စတာတွေ ကင်းစင်အောင် အဓိက ဦးတည်ပြီး တော်လှန်နေပါတယ်။ ကျနော်တို့နဲ့အတူတူ ပူးပေါင်းဆောင်ရွက်ကြတဲ့ ပြည်သူတွေအားလုံးကိုလည်း ကျေး ဇူးတင်ပါတယ်”ဟု အညာမြေတပ်ပေါင်းစု အဖွဲ့က တာဝန်ရှိသူက ပြောဆိုသည်။
စစ်ဆင်ရေးတွင် အညာမြေတပ်ပေါင်းစုနှင့်အတူ ဧရာဒေါင်းတပ်ဖွဲ့ ၊ နယ်စည်းမခြား(PKU) ၊ P PDF၊ ကိုရေခဲနှင့်ဗလညီနောင်ခေါင်းဆောင်လူငယ်ပြောက်ကျားတပ်ဖွဲ့ ၊ Y.G.F တပ်ဖွဲ့ ၊ ဝံပုလွေးပြောက်ကျားတပ်ဖွဲ့ ၊ God of Myaing၊ မုန်တိုင်းပြောက်ကျားတပ်ဖွဲ့ ၊ DYT ပျောက်ကြားတပ်ဖွဲ့ ၊ 21Bagan ၊ BLY ပေါက်(ပကဖ) ၊ သခင်ဖိုးလှကြီး (မကွေးခရိုင် ပကဖ တပ်ခွဲ၆ ၊ Burmese Revolution Ranger ၊ PLO ပြောက်ကျားတပ်ဖွဲ့တို့က ပူးပေါင်း ပါဝင်ခဲ့ကြကြောင်း သိရှိရသည်။
ဓာတ်ပုံ – Myaing Underground Defense Force-MUGDF တပ်ဖွဲ့ဝင်တချို့ ။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
