ဒီကနေ့ ဇွန် ၁၂ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- စစ်ကိုင်းတိုင်းက ပုလဲမြို့နယ်မှာ ပစ်ချခံရတဲ့ အကြမ်းဖက် စစ်ကောင်စီဘက်က တိုက်လေယာဉ်ဟာ တရုတ်ထုတ် F-7M ခေတ်ဟောင်းလေယာဉ်အမျိုးအစားဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂ သန်းခွဲ တန်ကြေးရှိသလို ၊ လက်ရှိ စစ်တပ်ရဲ့အဖြစ်ဟာ တိုက်လေယာဉ်အဟောင်းတွေပါ ထုတ်သုံးရတဲ့အထိ အခြေနေဆိုးနေတယ်လို့လည်း စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ဧရာ၀တီတိုင်း၊ ဒေးဒရဲမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ ကွန်ပလိုင်း ကျေးရွာအုပ်ချုပ်ရေးမှူး မင်းမြတ်သူကို က စစ်မှုထမ်းကြေးအဖြစ် လူငယ် ရှိတဲ့ မိသား စု ၁ စုကို ငွေကျပ် ၁ သိန်း နဲ့ သားယောင်္ကျားလေး မရှိတဲ့ မိသားစုတစ်စုကို ငွေ ၄ သောင်းအထိ တိုးကောက်ဖို့အတွက် ပြည်သူတွေကို အစည်းအဝေးခေါ် ပြောဆိုနေ တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောထားသလို ဗီဒီယိုဖိုင်လည်း ရရှိထားပါတယ်။
- ရန်ကုန်မြို့က သင်္ဃန်းကျွန်းမြို့နယ်မှာ ညအချိန် အပြင်ထွက်လို့ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး စစ်မှုထမ်း တပ်သားသစ် အဖြစ် စုဆောင်းခံရသူ ၁ ဦးဟာ ရှေ့တန်းပို့ခံရတဲ့အချိန် သေနတ် ၁ လက်နဲ့အတူ တော်လှန်ရေး တပ်တွေဆီကို ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
