ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ သဲကုန်းမြို့နယ် တပ်ရွာတွင်နေထိုင်သော ပျူစောထီး အေးကျော်မြင့်ကို ဖမ်းဆီးစဉ် သေနတ်လုယူပြီး ခုခံ ထွက်ပြေး၍ ပစ်ခတ်ဖမ်းဆီးရာ သေဆုံးခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
မေလ ၁၈ ရက်နေ့တွင် ပေါက်ခေါင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က သဲကုန်းမြို့နယ် တပ်ရွာတွင်နေထိုင်သော ပျူစောထီး အေးကျော်မြင့်ကို သဲကုန်းမြို့နယ် တပ်ရွာ ရွာထိပ်လမ်း တစ်နေရာတွင် အရှင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထိုသို့ ဖမ်းဆီးပြီးနောက် တော်လှန်ရေး တပ်ဖွဲ့များက ပျူစောထီး အေးကျော်မြင့်ကို စစ်ဆေး မေးမြန်းမှုများ ပြု လုပ်ခဲ့ရာ သဲကုန်းမြို့နယ် အင်းမမြို့ရှိ တပ်မ ၆၆ ၏ ပျူစောထီး အပတ်စဉ် ၁ သင်တန်းကို ၂ဝ၂၄ ခုနှစ် ဇန်နဝါ ရီလ ၁ ရက်နေ့ တွင်တက်ရောက်ခဲ့သူဖြစ်ကြောင်းဝန်ခံခဲ့သည်ဟု သိရှိရသည်။
ထို့ပြင် အေးကျော်မြင့်သည် သဲကုန်းမြို့ ရွှေကြို့ပင်ရွာဂိတ်တွင် တစ်ရက်လုပ်ခ ၆၈၀၀ ကျပ်ဖြင့် ဂိတ်စောင့်တာ ဝန် ထမ်းဆောင်ခဲ့ ကြောင်း၊ ဒိုင်နမို အင်ဂျင်များ ဝယ်ယူသူအဖြစ် အသွင်ယူကာ PDF များနှင့် ပြည်သူ့ကာကွယ် ရေးအဖွဲ့များ၏ လှုပ်ရှားမှုနှင့် သတင်းအချက်အလက်များကို စုံစမ်းကာ အကြမ်းဖက် စစ်တပ်ကို သတင်းပေးပို့ခဲ့သည်ဟု ထွက်ဆိုခဲ့ကြောင်း သိရသည်။
အေးကျော်မြင့်၏ လက်ကိုင်ဖုန်းအတွင်း၌လည်း စစ်သင်တန်းများကို တက်ကြွစွာ တက်ရောက်ခဲ့သည့် အထောက် အထားများကိုတွေ့ရှိခဲ့ကြောင်း ပေါက်ခေါင်းမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ပြောဆိုသည်။
မေလ ၂၄ ရက်နေ့ မွန်းလွဲ ၁ နာရီခွဲခန့်အချိန်တွင် ပျူစောထီး အေးကျော်မြင့်ကို တော်လှန်ရေး ရဲဘော်များက စစ်ဆေးမှုများ ထပ်မံ ပြုလုပ်နေစဉ် လက်နက်ငယ် ၁ လက်ကို လုယူထွက်ပြေးပြီး ရဲဘော်များကို ပြန်လည်ပစ်ခတ်ခဲ့ခြင်းကြောင့် လိုက်လံ ပစ်ခတ်ခံဖမ်းဆီးစဉ် သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
