30 C
Yangon

သဲကုန်းမြို့မှ ထွက်လာသည့် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား၂ စီးကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၂

ပဲခူးတိုင်း၊ သဲကုန်းမြို့မှ ထွက်လာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား၂ စီးကို မိုင်းဆွဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦးသေဆုံးခဲ့ကြောင်း ပြည်ခရိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၁ ရက်နေ့ နံနက် ၁၀ နာရီ ၁၅ မိနစ်ခန့်တွင် သဲကုန်းမြို့မှ ထွက်လာသည့် အင်အား ၅၀ ခန့်ရှိ အကြမ်းဖက် စစ်ကောင်စီ တပ်သားများ လိုက်ပါလာသော ကား ၂ စီးကို တော်လှန်ရေး ရဲဘော်များက ရုံးပင်တက်ကျေးရွာအနီးရှိ ဆည်မြောင်းရေလွှတ်ဘောင်ပေါက်တွင် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထိုမိုင်းဆွဲ တိုက်ခိုက်မှုအတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၃ ဦးတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၁၁ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာ ရရှိခဲ့‌ကြောင်း သိရှိရသည်။

“သဲကုန်းမြို့က ထွက်ခွာလာတဲ့ အင်အား ၅၀ ခန့်ပါတဲ့ စစ်ခွေး ကား ၂ စီးက ရုံးပင်တက်ရွာ ဆည်မြောင်းရေလွှတ်ဘောင်ကို ရောက်ရှိလာတုန်း ကျန်တော်တို့ တော်လှန်ရေး တပ်ဖွဲ့တွေက မိုင်း ၃ လုံးနဲ့ ဖိုခနောက်ဆိုင်ထောင့်မှာ အသင့်စောင့်ဆိုင်း နေရာယူပြီး မိုင်းကွင်းထဲအရောက်မှာ မိုင်းဆွဲ တိုက်ခိုက်ခဲ့တာပါ။ စစ်ခွေး ၃ ကောင် နေရာမှာ သေဆုံးတယ်။ ၈ ကောင်ကတော့ အပြင်းအထန်ဒဏ်ရာရတယ်” ဟု ပြည်ခရိုင်ပကဖမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုကို သဲကုန်းမြို့နယ်- ပကဖ အဖွဲ့နှင့် ပေါင်းတည်မြို့နယ်- ပကဖအဖွဲ့တို့က ပူးပေါင်း လုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article