ရန်ကုန်၊ ဇွန် ၁၂
ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်တွင်း ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံရသော နိုင်ငံရေး အကျဉ်းသားဦးကျော်စိုး ခေါ် ဦးဇော်နှစ်သည် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် နှလုံးရောဂါ၊သွေးတိုး ရောဂါ ဝေဒနာတို့ကြောင့် ကွယ်လွန်ခဲ့ရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရးအကျဉ်းသားများ ကွန်ရက် (PPNM) ထံမှ သိရှိရသည်။
မေလ ၂၃ ရက်နေ့ နိုင်ငံရေးအကျဉ်းသား ဦးကျော်စိုး ခေါ် ဦးဇော်နှစ်သည် ထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု လုံလောက်စွာမရရှိသဖြင့် ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း ၊ ဦးကျော်စိုးသည် ၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၁၀ ရက်နေ့၌ လှည်းကူးမြို့နယ်၊လှည်းကူးမြို့မရဲစခန်းတွင် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၀(ဈ)ဖြင့် ဖမ်းဆီးခံခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသူ ဖြစ် ကြောင်း PPNM ထံမှ သိရှိရသည်။
မြန်မာနိုင်ငံရှိ အကျဥ်းထောင်များတွင်း ဆေးဝါးစောင့်ရှောက်မှုလုံလောက်စွာ မပေးခြင်းကြောင့် နိုင်ကျဉ်းအပါ အဝင် အကျဉ်းကျခံနေရသူများသည်ရောဂါများ ဖြစ်ပွားခြင်း၊ ဆေးကုသခွင့် ဆုံးရှုံး၍ ရောဂါအခံများပိုမိုဆိုးရွားလာခြင်း၊ သေဆုံးသင့်သည့်အခြေနေမဟုတ်ပါဘဲ အသက်ပေးရသည်ထိ ဖြစ်ရခြင်းများ ဖြစ်ပွား နေခြင်းဖြစ် ကြောင်း သိရှိရသည်။
အကျဉ်းထောင်တွင်း ဆေးဝါးစောင့်ရှောက်မှု မလုံလောက်၍ သေဆုံးခဲ့ရသူများသည် ဇွန်လ ၁ ရက်နေ့အထိ ၁၀ ဦး အထိ ရှိခဲ့ပြီ ဖြစ်ကြောင်း PPNM က ထုတ်ပြန်ထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
