27 C
Yangon

ဖားကန့်၊ မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တွင် စုစည်းနေသော စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံး၊ စစ်တပ်က အရပ်သား ပြည်သူများကိုပါ လိုက်လံ ပစ်ခတ် သတ်ဖြတ်

Must read

ရန်ကုန်၊ ဇွန် ၁၂

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်၊ မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စုစည်းနေသော စစ်တပ်ကို KIA က ကြားညှပ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၂၀ ထက်မနည်းသေဆုံးကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ နံနက် ၉ နာရီခန့်မှ စတင်ပြီး ဖားကန့်မြို့နယ်၊ မှော်စီဇာကုန်းတွင် အကြမ်းဖက် စစ်တပ်နှင့် KIA ၊ PDF ပူးပေါင်း တပ်ဖွဲ့များ တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ ယင်းနောက် မွန်းတည့်ပိုင်းတွင် မှော်စီဇာ ကျောက်စိမ်းလုပ်ကွက်တစ်ခုတွင် စုစည်းနေသော စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ပြည်သူ့စစ်များကို KIA က ကြားညှပ်တိုက်ခိုက်ခဲ့ကြောင်း၊ စစ်တပ်ဘက်မှ ၂၀ ဦးသေဆုံးပြီး ဒဏ်ရာရရှိသူလည်းများပြားကြောင်း သိရှိရသည်။

တိုက်ပွဲများဖြစ်ပွားနေချိန် အကြမ်းဖက် စစ်တပ်က အရပ်သား ပြည်သူများကိုပါ လိုက်လံ ပစ်ခတ် သတ်ဖြတ်နေကြောင်း သိရှိရသည်။

“ဖားကန့် မှော်ဆီဇာကုန်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။ ဒီနံနက် ၉ နာရီတည်းက စပြီး တိုက်ပွဲဖြစ်နေတာ တိုက်ပွဲကတော့ တောက်လျှောက်ကို ဖြစ်နေတာ ပစ်ခတ်သံတွေကတော့ ဆူညံနေတာပဲ” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၂ ရက်နေ့ နံနက် ၆ နာရီအချိန်ဝန်းကျင်ကလည်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ တပ်စွဲထားသော မှော်စီဇာ ဘုရားကုန်းအနီး မှော်စီဇာလမ်းဆုံတွင် စစ်ကောင်စီ တပ်သားများ ပစ်သတ်ထားသည့် အရပ်သား ပြည်သူ ၃ ဦး၏ ရုပ်အလောင်းများကို တွေ့ရှိခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ဖားကန့်မြို့နယ် လုံးခင်းကျေးရွာအုပ်စုရှိ မှော်ဆီဇာ ဘုရားကုန်းတွင် ဇွန်လ ၁၀ ရက်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်နှင့် KIA ၊ KPDF တပ်ဖွဲ့များ တိုက်ပွဲများ ဖြစ်ပွားနေခြင်းဖြစ်ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မှော်ဆီဇာ၊ သာယာကုန်း၊ လုံးခင်းသုဿန်၊ လုံးခင်းဆေးရုံ နှင့် လုံခင်းကျေးရွာတို့ကို လက်နက်ကြီးများ နေ့စဉ် ရမ်းသမ်းပစ်ခတ်နေခြင်းဖြစ်ကြောင်း၊ အဆိုပါ ၂ ရက်တာ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်ဘက်မှ ၂၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ကသီမှော်ရွာထဲရှိ ပြည်သူပိုင် ပစ္စည်းများကို ဖျက်ဆီးသွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဖားကန့်မြို့နယ်၊ မှော်စီဇာ လုပ်ကွက်များသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်း။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ဖားကန့်မြို့နယ်၊ မှော်စီဇာ လုပ်ကွက်များသို့ ဝင်ရောက်လာသည့် စစ်တပ်စစ်ကြောင်း။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article