30 C
Yangon

ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နာရေးအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေး ၂ ဦး ပါဝင်သော မိသားစုဝင် ၅ ဦး အပါအဝင် ပြည်သူ ၇ ဦး သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် နာရေးအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲပြီး ကလေးငယ် ၂ ဦး ပါဝင်သော မိသားစုဝင် ၅ ဦးအပါအဝင် ပြည်သူ ၇ ဦးသေဆုံးကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၂ ရက် နေ့ ညနေ ၆ နာရီ ဝန်းကျင်သို့ ကော့ကရိတ်မြို့နယ်၊ ကျုံဒိုးအခြေစိုက် ခမရ ၅၄၅ တပ်ရင်းနှင့် ဂျိုင်းတံတားတွင် တပ်စွဲထားသော စစ်တပ်က လက်နက်ကြီးများဖြင့် စတင်ပစ်ခတ်ခဲ့ကြောင်း၊ စစ်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးမှာ ကော့ကရိတ်မြို့နယ်၊ ကော့ဘော်ကျေးရွာအတွင်းရှိ နာရေးအိမ်ပေါ်သို့ ကျရောက်ပေါက်ကွဲခဲ့ပြီး မိသားစုဝင် ၅ ဦး အပါအဝင် ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း သိရှိရသည်။

စစ်တပ်၏ လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် သေဆုံးသူများမှာ အသက် ၃၇ နှစ် အရွယ် ဒေါ်တူးတူး၊ အသက် ၅ နှစ်အရွယ် မအိန္ဒြာမိုး ၊ အသက် ၁၀ နှစ်အရွယ် သား မောင်ဝင်းဝင်းကျော် ၊ အသက် ၄၁ နှစ်အရွယ် ဦးစိန်သောင်းလေး တို့မိသားစုဝင် ၅ ဦးသေဆုံးခဲ့ကြောင်း၊ ထို့ပြင် အခြားပြည်သူတစ်ဦးဖြစ်သော အသက် ၄၅ နှစ်အရွယ် ဦးလင်းကုန်မှာလည်း သေဆုံးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က ပစ်ခတ်လိုက်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်က ကော့ဘော်ရွာအစွန် နာရေးအိမ်ပေါ်ကျတယ်။ မိသားစုဝင် ၃ ဦး ပွဲချင်းပြီးသေဆုံးတယ်။ ကျန်တဲ့သူ ၃ ဦးက ဒဏ်ရာရတာကို ဆေးရုံပို့စဥ်မှာ လမ်းမှာ ၂ ဦး ထပ်သေတယ်။ ဒဏ်ရာရသူ ၁ ဦးကတော့ ဘားအံဆေးရုံအရောက်မှာ ထပ်ဆုံးတယ်” ဟု ဒေသပြည်သူတစ်ဦးက ရှင်းပြသည်။

ထို့ပြင် ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ၊ မြောက်ကမ္မရိုက်ကျေးရွာသို့ အကြမ်းဖက်စစ်ကောင်စီက လက် နက်ကြီးဖြင့် ပစ်ခတ်ခဲ့ရာ မြောက်ကမ္မရိုက်ကျေးရွာနေ ပြည်သူ ၁ ဦး ထိမှန်သေဆုံးသွားကြောင်း Mon Liberation Army က သတင်းထုတ်ပြန်သည်။

ဇွန်လ ၁၂ ရက်နေ့ ညနေ ၄ နာရီ ၂၅ မိနစ်အချိန်တွင် အကြမ်းဖက်စစ်တပ်က လက်နက်ကြီးနှ့င် ရမ်းသမ်းပစ်ခတ်ခဲ့၍ အသက် ၅၉ နှစ်အရွယ် ဦးမြင့်အောင် ဆီးအိမ်ကွဲ ဒဏ်ရာရကာ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ထိုသို့ အကြမ်းဖက်စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွင့်ကာ ဂရုစိုက် နေထိုင်ကြရန် ပြည်သူများကို MLA က သတိပေးထုတ်ပြန်ထားသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article