ရန်ကုန်၊ ဇွန် ၁၃
စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ မအူစစ်တပ်ဂိတ်အနီးတွင် အကြမ်းဖက်စစ်ယာဉ်တန်းကို မိုင်းဆွဲ တိုက် ခိုက်ခဲ့ရာ စစ်အရာရှိ ၁ ဦးအပါအဝင် စစ်သား ၃ ဦးသေဆုံးခဲ့ကြောင်း Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယမန်နေ့ ဇွန်လ ၁၂ ရက်နေ့ ညနေ ၅ နာရီ ၄၀ မိနစ်အချိန် စစ်ကိုင်းတပ်မ ၃၃ မှ ထွက်လာသော ကြေးနီ တင်ကား ၁၉ စီး ၊ သံပြား ကာ ကား ၈ စီး ၊ မိုးကာအုပ် ၆ ဘီးကား ၃ စီးတို့ ပါယာဉ်တန်းကို မုံရွာ-မန်းလေးလမ်းမကြီးပေါ်၊ မုံရွာမြို့အဝင် မအူစစ်တပ်ဂိတ်အနီး၌ ကားတန်းအနက် ၁၀ စီးမြောက် ကားကို ပဒေသာမိုင်း ၅ လုံး ဖြင့် မိုင်းဆွဲတိုက်ခိုက်ပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။
“ဒီနေ့မနက်ထပ်သိရတာက ၃ ဦးသေတာ၊ ဆေးရုံရောက်မှာ တစ်ဦးထပ်သေတာ၊ မုံရွာမြို့ထဲကနေ ထွက်လာပြီးတော့ မအူဂိတ်၊ မအူဂိတ်ကနေဖြစ်စဉ်ဖြစ်တဲ့နေရာကို ရောက်လာတာ၊ ဖြစ်စဉ်ဖြစ်တဲ့ နေရာကနေမှ မအူဂိတ်၊ မအူဂိတ်ကနေမှ ရွှေတော်ဝင်ဆေး ရုံကို ပို့လိုက်တာပါ။ ကျနော်တို့ဘက်က ရဲဘော်တွေအားလုံး အထိအခိုက်မရှိခဲ့ပါဘူး။ ကျနော်တို့မှာ ကျည်လိုအပ်နေလို့ ကျည်ဖိုးလေးကူညီ ပေးကြပါအုံးလို့ပြောချင်တယ်ပါတယ်” ဟု Brave Heart Army – BHA တပ်ဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း အရာရှိတစ်ဦးအပါအဝင် စစ်သား ၂ ဦးသေဆုံးပြီး အများအပြား ဒဏ်ရာ ရရှိကာ သံပြားကာ ကား ၁ စီးနှင့်ကြေးနီတင်ကား ၂ စီးလည်းပျက်စီးခဲ့ကြောင်း၊ တိုက်ခိုက်ခံရပြီး နောက် နာရေးကား ၁ စီး၊ အိမ်စီးကား ၁ စီး၊ သံပြားကာ ကား ၁ စီးဖြင့် သေဆုံးဒဏ်ရာရရှိသူများကို လာရောက်သယ်ဆောင်သွားပြီး ဒဏ်ရာရရှိသူများကို မုံရွာမြို့ရွှေတော်ဝင်ဆေးရုံသို့ ပို့ ဆောင်လိုက် ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို Brave Heart Army – BHA ၊ Golden Target Force -GTF နှင့် Chindwin Fighter Group-CGF တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး လက်နက်ခဲယမ်းများ လိုအပ်လျက် ရှိသောကြောင့် ပြည်သူများအနေ ဖြင့် တတ်နိုင်သမျှပါဝင်ကူညီပေးကြပါရန် မေတ္တာရပ်ခံ တိုက် တွန်းထားသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
