30 C
Yangon

အိုးဘို‌‌ထောင်တွင် ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သော နိုင်ငံ‌ရေးအကျဉ်းသား ဦးမော်ထူး အချိန်မီ ဆေးကုသခွင့် အလုံ အလောက်မရဘဲ သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၁၃

မန္တလေး၊ အိုးဘို‌‌အကျဉ်းထောင်တွင် မတ်လ ၂၈ ရက်နေ့ လှုပ်ခတ်ခဲ့သော ငလျင်ဒဏ်ကြောင့် ဒဏ်ရာရရှိခဲ့သည့် နိုင်ငံ‌ရေးအကျဉ်း သား ဦးမော်ထူးမှာ အချိန်မီ ဆေးကုသခွင့် အလုံအလောက်မရဘဲ သေဆုံးသွားကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေးအကျဉ်း သားများကွန်ရက်(PPNM) မှ ဗဟိုဦးဆောင်ကော်မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၁၃ ရက်နေ့ နံနက် ၇ နာရီအချိန်ခန့်တွင် ဦးမော်ထူး ကျဆုံးခဲ့ရခြင်း ဖြစ်ကြောင်း၊ ဦးမော်ထူးသည် ငလျင်ကြောင့် လည်ပင်းနှင့် ဦးခေါင်းတွင် ပြင်းထန်ဒဏ်ရာများရရှိခဲ့သည်ကို ခွဲစိတ်ကုသမှုများ ခံယူခဲ့သော်လည်း ကျန်း မာရေး ပြန်လည် ကောင်းမွန်လာခြင်းမရှိဘဲ သတိမေ့မြောသွားခဲ့ကြောင်း၊ ထပ်မံခွဲစိတ်ရန် ငွေကြေးရှာဖွေနေစဉ်ပင် သေဆုံးခဲ့ရကြောင်း၊ ဦးမော်ထူး ထပ်မံဆေးကုသရန်နှင့် ခွဲစိတ်ခ သိန်း ၈၀ ကျပ်ခန့်လိုအပ်‌သော်လည်း PPNM အနေဖြင့် ကျပ် ၁,၃၆၀,၀၀၀ ကျပ်သာ ကူညီပေးနိုင်ခဲ့ကြော်ငး၊ ခွဲစိတ်ကုသမှုရရှိရန် ငွေကြေးကြိုးစားရှာဖွေနေစဉ် ဦးမော်ထူးမှာ ရရှိသော ဒဏ်ရာများဖြင့် ကျဆုံးခဲ့ရကြောင်း၊ သေဆုံးချိန်တွင် နိုင်ငံ ရေးအကျဉ်းသား ဦးမော်ထူးမှာ အသက် ၅၄နှစ် အရွယ်ရှိနေပြီဖြစ်ကြောင်း သိရှိရသည်။

“တကယ်တော့ ဦးမော်ထူးရဲ့ သေဆုံးမှုဟာ မန္တလေး အိုးဘိုအကျဉ်းထောင်ရဲ့ ငလျင်ဒဏ် ထိခိုက်မှုတွေကြောင့်မို့ သေဆုံးရတယ်လို့ ပြောလို့ရပေမယ့် တကယ်တော့ ထောင်ပြင်ပကို ဆေးဝါးကုသဖို့ ထွက်ခွင့်ရတဲ့အချိန် နောက် ကျခဲ့တာရယ် နဂိုမူလကတည်းက ငွေကြေးအခက်အခဲရှိတဲ့လူ ဖြစ်နေတော့ ထောင်ထဲမှာ ကိုယ့်စရိတ်နဲ့ ကိုယ်ပဲ ဆေးဝါးကုသမှုက အစ ဆေးဝါးဝယ်တာအစ သုံးရတဲ့ အခါမျိုးမှာ ပြင်ပဆေးရုံကို ကုသခွင့်ရခဲ့သည့်တိုင်အောင် ငွေကြေးမလုံလောက်တဲ့အတွက် အခုလိုမျိုး ခွဲစိတ်မှု ကြီးကြီးမားမားတွေ လုပ်ရမယ့်အခြေအနေမျိုးမှာ ငွေကြေးမလောက်ငတဲ့အတွက် အခုလိုမျိုး သေဆုံးရခြင်းဖြစ်တယ်လို့ ကျွန်တော်တို့ကတော့ ဝမ်းနည်းစွာနဲ့ပဲ မိဘပြည်သူကို အသိပေးချင်ပါတယ်”ဟု ကိုသိုက်ထွန်းဦးက ပြောကြားသည်။

နိုင်ငံရေးအကျဉ်းသား ဦးမော်ထူး သည် ၂၀၂၁ခုနှစ် ဒီဇင်ဘာလ ၂ ရက်နေ့တွင် မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့ နယ်၊ ချမ်းမြသာစည် ရဲ စခန်း တွင် ဖမ်းဆီးထိန်းသိမ်းခံရပြီး ပုဒ်မ ၅၀၅-က နှင့် ၅၀(ည) တို့ဖြင့်တရားစွဲဆိုခံရကာ ထောင်ဒဏ် ၁၈ နှစ် ကျခံနေရသူတစ်ဦးဖြစ်ကြောင်း၊ ငလျင်ဘေးကြောင့် ဦးမော်ထူး ရရှိသော ဒဏ်ရာများမှာ ပြင်း ထန်လှသဖြင့် ခွဲစိတ်ကုသမှု ၂ ကြိမ်တိုင်တိုင်ခံယူခဲ့သော်လည်း ကျန်းမာရေး ပြန်လည် ကောင်းမွန်လာခြင်းမရှိဘဲ သေဆုံးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article