ရန်ကုန်၊ ဇွန် ၁၅
မန္တလေးမြို့၊ အိုးအကျဉ်ထောင်တွင် မုံရွာလုထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်နှင့် ချောင်းဦး လူထု သပိတ်ခေါင်း ဆောင် ကိုမာန်ဇာမြေမွန်တို့အပါအဝင် နိုင်ငံရေးအကျဉ်းသားများ ရိုက်နှက်နှိပ်စက်ခံနေရပြီး ဆေးဝါးကုခွင့် မရရှိကြောင်း စစ်ကိုင်းတိုင်း လူထုသပိတ်အင်အားစုက သတင်း ထုတ်ပြန်သည်။
ဇွန်လ ၁၁ ရက်နေ့ မုံရွာအကျဉ်းထောင်တွင် အကျဉ်းချခံထားရသော မုံရွာ လူထုသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင် နှင့် ချောင်းဦးလူထုသပိတ်ခေါင်းဆောင် ကိုမာန်ဇာမြေမွန် အပါအဝင် နိုင်ငံရေးအကျဉ်းသားများကို ထောင်အာဏာပိုင်များက သံခြေကျဉ်းများခတ်ကာ အိုးဘိုအကျဉ်းထောင် (မန္တလေး) သို့ ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
နိုင်ငံရေးအကျဉ်းသားများအားလုံး အိုးဘိုအကျဉ်းထောင် (မန္တလေး) သို့ ရောက်ရှိချိန်တွင် ထောင်ဝန် ထမ်းများမှ တုတ်များ၊ သံကြိုး များဖြင့် ရိုက်နှက် နှိပ်စက်ကြပြီး ထိခိုက်ဒဏ်ရာများ ရရှိခဲ့သည့် နိုင်ငံ ရေး အကျဉ်းသားများ အားလုံးကို ဆေးကုသမှုလုံးဝ မပြုလုပ်ပေးကြောင်းသိရှိရသည်။
ရိုက်နှက်နှိပ်စက်ခံရသူများတွင် ကိုဝေမိုးနိုင် နှင့် ကိုမာန်ဇာမြေမွန်တို့သည်လည်း ပါဝင်ခဲ့ပြီး ဆေးဝါး ကုသခွင့်မပေးသည့်အပြင် သံခြေကျဉ်းခတ်ကာ တိုက်ပိတ်ထားကြောင်းကြောင်း၊ ထို့ကြောင့် လူထု သပိတ်ခေါင်းဆောင်များအပါအဝင် နိုင်ငံရေးအကျဉ်း သားများ၏ အသက်ရှင်သန်မှုနှင့် ကျန်းမာရေး အခြေနေအားလုံးတို့သည် စစ်အာဏာရှင် လက်ပါးစေ ထောင်အာဏာပိုင်များက တာဝန်ခံရမည် ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသ သပိတ်အင်အားစုက သတိပေးထုတ်ပြန်သည်။
စစ်အာဏာရှင်၏ စစ်ဖိနပ်အောက်တွင် ပျော်ပါးပြီး စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက်ထောက် ပံ့ကူညီနေသော ထောင်အာဏာပိုင်များ၏ ညှင်းပန်းနှိပ်စက်မှုများကို မှတ်တမ်းတင်ထားရှိပြီး မဝေး တော့သည့်ကာလတွင် တရားစီရင် အပြစ်ပေးအရေးယူသွားမည် ဖြစ်ကြောင်း အသိပေးထားသည်။
မန္တလေးအိုးဘိုထောင်တွင် အကျဉ်းကျခံနေရသော နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက စစ်ကောင်စီက အိုးဘိုထောင်တွင် နိုင်ငံရေးအကျဉ်းသားများနှင့်ပတ်သက်၍ ကန့်သတ်ပိတ်ပင်မှုများ ဆက်တိုက် လုပ်ဆောင်လာသည့်အပြင် ထောင်ဝင်စာပို့ရာတွင် ပို့ဆောင်ရမည့် အရေအတွက်နှင့်ဆေးဝါးများကို ကန့်သတ်လာကြောင်း၊ အကျဉ်းထောင်အတွင်းတွင်လည်း နိုင်ငံရေးအကျဉ်းသားများကို ထောင်ဝန်ထမ်းများက နည်းလမ်း မျိုးစုံဖြင့် ဖိနှိပ် ညှဉ်းဆဲကြောင်း ပြောဆိုသည်။
“ထောင်ထဲကနေ ပြန်သိရတာက ထောင်က အရမ်းကျပ်နေပြီ။ လူဦးရေက ရှိသင့်တာထက်များနေတာကို နိုင်ငံ ရေးအကျဉ်းသားတွေကို ရည်ရွယ်ချက်ရှိရှိ နှိပ်ကွပ်တာတွေ လုပ်လာတယ်။ အဓိက ကတော့ ဆေးဝါးကုသခွင့်နဲ့ ကျန်းမာရေးစောင့်ရှောက်ခွင့်၊ အပြင်ကနေ ဆေးဝါးတွေ ပို့ ခွင့်ကို အရမ်းကို ချုပ်ခြယ် နှိပ်ကွပ်လာတာ။ နိုင်ငံရေးအကျဉ်းသားတွေနဲ့ ရာဇဝတ်အကျဉ်းသားတွေကို ထောင်ဝန်ထမ်းတွေက ပုံစံအမျိုးမျိုးနဲ့ ရန်တိုက်ပေးတာတွေလည်း များလာတယ်။ ထောင်ဝန်ထမ်းတွေက ရာဇဝတ်သားတွေကို လက်သပ်မွေးပြီး ရန်တိုက်ပေးတာ။ တစ်နေ့ တစ်ခြားကို အခြေအနေတွေက ဆိုးလာတယ်လို့ ပြန်သိရတယ်” ဟု မန္တလေးမှ နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်က ရှင်းလင်းပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
