30 C
Yangon

ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေသည့် စစ်ဘက်လေယာဉ်ပိုင်းလော့များကို မက် လုံးအဖြစ် MAI ၊ MNA နှင့် အရပ်ဘက်လေ ကြောင်းလိုင်းများတွင် လေယာဉ် မှူးများအဖြစ် လုပ်ကိုင်ခွင့်ရရှိရေး လိုအပ်သော သင်တန်းများ တက်ခွင့်နှင့် လုပ်ခွင့်များပေး

Must read

ရန်ကုန်၊ ဇွန် ၁၆

မြန်မာနိုင်ငံတစ်ဝန်းမှ ပြည်သူကို ဗုံးကျဲသတ်ဖြတ်နေသည့် စစ်ဘက်လေယာဉ်ပိုင်းလော့များကို မက်လုံးအဖြစ် MAI ၊ MNA နှင့် အရပ်ဘက်လေကြောင်းလိုင်းများတွင် လေယာဉ်မှူးဖြစ်လာစေရေး လိုအပ်သော သင်တန်းများ တက်ခိုင်းပြီး လေယာဉ်မှူးအဖြစ် ယာယီ လုပ်ကိုင်ခွင့်ပေးမှုများရှိနေကြောင်း မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ပြောဆိုသည်။

အကြမ်းဖက်စစ်ကောင်စီက နိုင်ငံတစ်ဝန်း ဗုံးကျဲသတ်ဖြတ်နေသော လေတပ်မှ အရာရှိများနှင့် ပိုင်းလော့များကို မက်လုံးအဖြစ် အရပ်ဘက် လေယာဉ်မှူးများအဖြစ် လုပ်ကိုင်ခွင့်ရရှိရေး လိုအပ်သော သင်တန်းများ တက်ခိုင်းခြင်း၊ ယာယီ လေယာဉ်မှူးများအဖြစ် လုပ်ကိုင်ခွင့်ပေးခြင်း၊ စစ်ခေါင်းဆောင် မင်းအောင်လှိုင်၏ ရုရှားခရီးစဉ် အပါအဝင် ပြည်ပခရီးစဉ်များတွင် လိုက်ပါစေခြင်း စသည့် အခွင့်အလမ်းများကို ပေးအပ်လာကြောင်း သိရှိရသည်။

“စစ်လေယာဉ်ပိုင်းလော့အတွက် မက်လုံးခေါ်မလား။ သူတို့ လစာကောင်း ကောင်းနဲ့ အရပ်ဘက်ရောက်ရင် လုပ် ကိုင်စားနိုင်အောင် အရပ်ဘက် လေ ယာဉ်မှူးဖြစ်ဖို့ လိုအပ်တဲ့သင်တန်းတွေကို DCA နဲ့ လေကြောင်းလိုင်းတွေဘက်က စီစဉ်ပေးတယ်။ လေတပ်မှာ လက်ရှိရာထူးနဲ့ပဲ ယာယီ ခဏ အလုပ်ဝင်တာလည်းရှိတယ်။ လစာကတော့ နှစ်သီးစား။ တပ်ကအရာရှိတွေရဲ့ အိပ်မက်ကို ဒီဘက်ကနေ အကုန်ဖြည့်ဆည်းပေးနေတာ” ဟု မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

စစ်ကောင်စီက ဗုံးကျဲနေသော စစ်လေယာဉ်ပိုင်းလော့များကို ယင်းကဲ့သို့ မက် လုံးများ စီစဉ်ပေးနေသည့်အတွက် စစ်လေယာဉ်ပိုင်းလော့များအကြား နိုင်ငံတစ်ဝန်း လေကြောင်းတိုက်ခိုက် ဗုံးကျဲမှုများအတွက် ၎င်းတို့တာဝန် ဘ၀ တက်လမ်း တာဝန်အဖြစ် ကြိုးကြိုးစားစား လုပ်ကိုင်လာသည်ဟု မြန်မာ့လေကြောင်း သတင်းရင်းမြစ်က ဆိုသည်။

“တော်ရုံသာမန်လူစိတ်နဲ့ဆိုရင်တော့ ကိုယ်ဗုံးကျဲလိုက်လို့ ကလေးတွေ အမျိုး သမီးတွေ သက်ကြီးရွယ်အိုတွေ သေရင် ဘယ်ခံစားနိုင်မလဲ။ ဒါပေမယ့် လေ တပ်ဘက်မှာ ရလဒ်များတဲ့ ဗုံးကျဲမှုတွေဆိုရင် ဒီလို မက်လုံးပေးထားတဲ့ အစီ အစဉ်တွေရှိတော့ ငါဗုံးကျဲနိုင်လေ ဘ၀တက်လမ်းပိုကောင်းလေ ဆိုတာမျိုးဖြစ်လာတာ။ ဗုံးကျဲလို့ လူမသေရင်တောင် တောက်တစ်ခေါက်ခေါက်ဖြစ်ကုန်ကြတာ။ အဲဒီလိုဖြစ်အောင်လည်း စနစ်တကျကို လေတပ်ထဲမှာ လုပ်ထားတယ်” ဟု လေကြောင်းသတင်းရင်းမြစ်က ဆက်လက်ရှင်းပြသည်။

ထို့ပြင် 24 Hours ကုမ္ပဏီပိုင်ရှင် ဦးအောင်အောင်ဇော် ပိုင်ဆိုင်သော MAI လေကြောင်းလိုင်း အပါအဝင် ပြည် တွင်းလေယာဉ်ခရီးစဉ်များတွင် လိုအပ်သော လေယာဉ်မှူးကြီးများ၊ လေယာဉ်မောင်များ အပါအဝင် လေကြောင်းဆိုင်ရာ ဝန်ထမ်းများကိုလည်း လေတပ်နှင့် စစ်တပ်အသိုင်းအ၀ိုင်းမှ လူများကို ဦးစားပေးခန့်အပ်လျက်ရှိကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article