ရန်ကုန်၊ ဇွန် ၁၆
ရှမ်းပြည်နယ်နှင့် ကရင်နီ ပြည်နယ် အစပ်ရှိ ဖယ်ခုံမြို့၊ လအိရွာ ဘုန်းတော်ကြီးသင်စာသင်ကျောင်းကို အကြမ်း ဖက် စစ်တပ်က အသေခံ ဒရုန်းများဖြင့် တိုက်ခိုက်ရာ မူလတန်း ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။
ယနေ့ ဇွန်လ ၁၆ ရက်နေ့ နံနက်ပိုင်းတွင် ဖယ်ခုံမြို့ အနောက်ဖက်ရှိ လအိကျေးရွာအတွင်း ဘုန်းတော်ကြီးသင်ပညာရေးကျောင်း (ဘက) ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ အသေခံဒရုန်းဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်းတိုက်ခိုက်မှုအတွင်း မူလတန်း အရွယ် ကလေးငယ် ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး ဘုန်းကြီးကျောင်းဝင်း အတွင်းလည်း ထိခိုက် ပျက်စီးမှု တချို့ ရှိကြောင်း သိရှိရသည်။
“လောဆယ်တော့ ထိခိုက်ဒဏ်ရာရရှိတာ ကျား၊ မ ဆိုတာတော့ မသိရသေးဘူး။ မူလတန်း အရွယ် ကလေးငယ် ၂ ဦး ထိခိုက်တယ်လို့ပဲ သိရသေးတယ်။ ဘာတိုက်ပွဲမှ ဖြစ်ပွားခြင်းမရှိပါဘူး။ အသေခံဒရုန်းနဲ့ ပစ်ခတ် တိုက်ခိုက်သွားတာပါ” ဟု ဖယ်ခုံမြို့နယ် ပြည်သူလုံခြုံရေးတပ်ဖွဲ့ – PK Police မှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



