28 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၁၈ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၁၈ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက ရန်ကုန်-ပြည်လမ်း၊ စစ်ကွင်းတာဆုံတိုက်ပွဲမှာ အကြမ်းဖက် စစ်ကောင်စီဘက်က သာယာ၀တီ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ၁ ဒုဗိုလ်မှူးကြီး ဇော်မျိုးဝင်းဆိုသူနဲ့ စစ်အင်ဂျင်နီယာ ဗိုလ်မှူး ၁ ဦးတို့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ မင်းလှမြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေတဲ့သူတွေ တော်တော်ကို များနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ဖားကန့်မြို့နယ်ကိုရောက်နေတဲ့ အကြမ်းဖက်စစ်ကောင်စီတပ်ကို KIA – PDF ပူးပေါင်းတပ် တွေက အပြင်းအထန် တိုက်ခိုက်နေပြီး စစ်ကောင်စီဘက်က ဗိုလ်မှူး ဖြိုးဇော်သက် အပါအဝင် စစ်‌ကောင်စီ တပ်သား ၂၂ ဦးကတော့ အသီးသီး သေကုန်ကြပြီဖြစ်တယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်း ငလျင်ကြီးကြောင့် ပြိုကျခဲ့တဲ့ မန္တလေးနန်းမြို့ရိုးကို ပြန်ပြင်ပေးဖို့နဲ့ မယ်နုအုတ်ကျောင်း အပါအဝင် ရှေးဟောင်းနေရာ ၂၇ ခုကို လေ့လာဆန်းစစ်ပေးဖို့ အကြမ်းဖက် စစ်ကောင်စီက တရုတ်ကို အကူအညီသွား တောင်း နေပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article