28 C
Yangon

NUG က တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါ အဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူ

Must read

ရန်ကုန်၊ ဇွန် ၁၈

အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကျန်းမာရေးဝန်ကြီးဌာနက တနင်္သာရီတိုင်းတွင် ခန့်ထားရန်အတွက် ဆရာဝန်၊ သူနာပြု၊ ကျန်းမာရေးမှူး ၊ သားဖွားဆရာမ အပါအဝင် ကျန်းမာရေးဝန်ထမ်းများ ခေါ်ယူကြောင်း ယမန်နေ့ ထုတ်ပြန်ကြေညာသည်။

တနင်္သာရီတိုင်းတွင် တာဝန်ထမ်းဆောင်နိုင်ရန် အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေး ဝန်ကြီးဌာနက အထူး ကုဆရာဝန်များ၊ ဆရာဝန်များ (မည်သည့်အထူးကုဘာသာရပ် အမျိုးအစားမဆို)၊ အထူးပြုသူနာပြုများ၊ သူနာပြုများ (မည်သည့်အထူးပြုဘာသာရပ် အမျိုးအစားမဆို၊ မည်သည့်ရာထူးအမျိုးအစားမဆို)၊ ကျန်းမာရေးမှူးများ (မည်သည့်ရာထူးအမျိုးအစားမဆို)၊ အမျိုးသမီးကျန်းမာရေးဆရာမများ (LHV)၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၁ များ၊ သားဖွားဆရာမများ၊ ပြည်သူ့ကျန်းမာရေးကြီးကြပ်-၂ များကို ခေါ်ယူကြောင်း ထုတ်ပြန်သည်။

လျှောက်ထားသူများသည် နိုင်ငံ့ဝန်ထမ်းဖြစ်ပါက CDM ဝန်ထမ်း ဖြစ်ရမည်ဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ နိုင်ငံ့ဝန်ထမ်းမဟုတ်ပါက အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်မှု မရှိသူ ဖြစ်ရမည်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက တာဝန်ချထားမည့် နေရာဒေသများသို့ သွားရောက်၍ တာဝန်ထမ်းဆောင်နိုင်ရမည်ဖြစ်ပြီး အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာန၊ လူ့စွမ်းအားအရင်းအမြစ်ဌာန၏ Telegram Account – https://t.me/HR_MOHNUG သို့မဟုတ် Telegram Username – @HR_MOHNUG တွင် လျှောက်လွှာပုံစံများ ထုတ်ယူ၍ ပေးပို့လျှောက်ထားနိုင်ကြောင်း သိရှိရသည်။

တော်လှန်ရေးကာလနှင့် ကြားကာလ ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းများ၌ ပါဝင်ဆောင်ရွက်လျက်ရှိသည့် ကျန်းမာရေးသူရဲကောင်းများအတွက် လက်ရှိကာလအတွင်း လူမှုဘဝလုံခြုံမှု နှင့် လုပ်ငန်းခွင်လုံခြုံမှုများကို ကာကွယ်စောင့်ရှောက်မှုများ ပေးအပ်နိုင်ရန် အစီအစဉ်များ ချမှတ်ထားရှိပြီး တော်လှန်ရေးအလွန်ကာလတွင်လည်း ဘဝအာမခံချက်များနှင့် အထူးအခွင့် အရေးများကို ဖက်ဒရယ်ဒီမိုကရေစီမူဝါဒများနှင့်အညီ ပေးအပ်သွားမည်ဖြစ်ဖြစ်ကြောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရ၊ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article