ရန်ကုန်၊ ဇွန် ၁၈
ပဲခူးတိုင်း၊ ပေါင်းတည်မြို့နယ်တွင် ပြည်သူများကို လူသားတံတိုင်းအဖြစ် ဖမ်းဆီးလာသော အင်အား ၁၀၀ ပါ စစ် တပ်စစ် ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်သား ၄ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၆၀၁ တပ်ရင်းမှ စစ်ထောက်လှမ်းရေးနှင့်သတင်းပြန်ကြားတာဝန်ခံ ရဲဘော် Shadow က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။
ဇွန်လ ၁၆ ရက်နေ့ နံနက် ၁၀ နာရီ ၅၀ မိနစ်အချိန်မှ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်အချိန် ပေါင်းတည်မြို့နယ် သစ်ပုတ်အုပ်စု နွားသိုးရွာနှင့်နွေးတောင်ရွာအကြား ရုပ်ဆိုင်ရွာမှ ပြည်သူများကိုဖမ်းဆီး လူသားတံတိုင်းအဖြစ် အသုံးပြု ထွက်ခွာလာသော အင်အား ၁၀၀ ပါ စစ်တပ်စစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၄ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရရှိကြောင်း၊ စစ်ကောင်စီက သေဆုံးအလောင်းများကို နွားသိုးကျေးရွာနှင့် နွေးတောင်ကျေးရွာရှိ နေအိမ်များအတွင်းထည့်သွင်း၍ နေအိမ်များကိုပါ မီးရှို့သွားကြောင်း ၊ ယင်းနောက် စစ်ကြောင်းမှာ ပေါက်ခေါင်းမြို့ဘက်သို့ ထွက်ခွာသွားကြောင်း သိရှိရသည်။
အလားတူ စစ်ကိုင်းတိုင်း၊ မုံရွာမြို့နယ်၊ တောပုရွာအနီး မုံရွာ-မန္တလေးလမ်းမပေါ်တွင် အိမ်စီးကားဖြင့် ထွက်လာ သော စစ်သားများကို တိုက်ခိုက်ခဲ့ရာ ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ကားကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း BRAVE HEART ARMY-BHA တပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁၆ ရက်နေ့ ည ၁၁ နာရီ ၂၇ မိနစ်အချိန် ချောင်းဦးမြို့၊ အထွေထွေ အုပ်ချုပ်ရေးမှူးရုံးမှ အိမ်စီးကား ဖြင့်ထွတ်လာသော စစ်သားများကို မုံရွာ-မန္တလေးလမ်းမကြီးပေါ် တောပုပျူစောထီးကျေးရွာ အနီးတွင် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ၃ ပွင့်ဗိုလ်ကြီး ၁ ဦးအပါအဝင် ၃ ဦးသေဆုံးပြီး ၁ ဦးဒဏ်ရာ ရရှိ ကာ ၁ ဦးထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။
ထို့ကြောင်း ကားပေါ်ပါ စစ်သားများကိုင်ဆောင်သော MA1 ၊ ပါရီ ၊ MA5 ၊ 9mm ၊ Sig Batter အမျိုး အစားသေနတ် သေနတ် အရှည် ၂ လက်နှင့်အတို ၃ လက်၊ ဖုန်း ၃ လုံးတို့ သိမ်းဆည်းရရှိခဲ့ပြီး စစ် သားများ စီးနင်းလာသော အိမ်စီးကားကို မီးရှို့ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အဆိုပါတိုက်ခိုက်မှုကို BRAVE HEART ARMY-BHA မှ တပ်ဖွဲ့မှ ရဲဘော်များက တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ၊ စစ်ကောင်စီ တပ်သားများကို ဆက်လက်၍ ချေမှုန်းနိုင်ရန် ကျည်ဆံများ လိုအပ်လျက်ရှိသောကြောင့် ပြည်သူ များ အနေဖြင့် တတ်နိုင်သမျှပါဝင် ထောက်ပံ့ပေးကြပါရန် မေတ္တာရပ်ခံပါကြောင်း ထုတ်ပြန်ထား သည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

