27.1 C
Yangon

ရခိုင်ပြည်၊ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွား

Must read

ရန်ကုန်| ဇွန် ၁၈

ရခိုင်ပြည် ပုဏ္ဏားကျွန်းမြို့နယ်ရှိ စစ်ဘေးရှောင်စခန်းများတွင် ရေကြီးရေလျှံမှုများ ဖြစ်ပွားနေကြောင်း ပုဏ္ဏားကျွန်းလူငယ်များအစည်း အရုံး PYA က ယနေ့ ဇွန်လ ၁၈ ရက်နေ့တွင် ထုတ်ပြန်ထားသည်။

စစ်ဘေးရှောင် အိမ်ထောင်စု ၂၀၀ ကျော်မှာ ရေနစ်မြုပ်မှုကို ခံနေရကြောင်းလည်း PYA တာဝန်ရှိသူတစ်ဦးက ပြောဆိုထားသည်။

“မိုးအရမ်းရွာလို့ တောင်ကျရေတွေကြောင့် ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခုဟာ ရေနစ်မြုပ်နေပါတယ်။ အခုလောလောဆယ် စစ်ဘေးရှောင်တွေက ရေကြီးနေတဲ့အတွက် ဘယ်လိုမှ အဆင်မပြေကြဘူး။ ရေက လူအရပ်ရဲ့ ခါးလောက်ကို ရေတက်နေတာ။ တချို့နေရာတွေမှာဆို ရေက လူအရပ် ရင်ဘက်လောက်ထိကို နစ်မြုပ်နေတာပါ။ ထမင်းချက်စားလို့ မရတဲ့ စစ်ဘေးရှောင်တွေ အများကြီးရှိနေပါတယ်။ နေထိုင်ဖို့ကလည်း လုံးဝအဆင်မပြေတဲ့ အခြေအနေပါ။ ဒါ့ကြောင့် စားသောက်ရေးနဲ့ နေထိုင်ရေးက အရေးကြီး အကူအညီလိုအပ်နေပါတယ်” ဟု ၎င်းက ပြောသည်။

တောင်ကျရေ ရေစီးသန်းခြင်းကြောင့်လည်း အချို့ စစ်ဘေးရှောင်နေအိမ်များမှာ ရေနစ်မြုပ်နေသည့်အပြင် နေအိမ်ပါ ရေထဲ ပါသွား သည့် နေအိမ်လည်း ရှိကြောင်း PYA က ပြောသည်။

စစ်ဘေးရှောင်များမှာ အခက်အခဲများစွာ ရောက်ရှိနေကြပြီး ကူညီပေးမည့် သူများအနေဖြင့် ပုဏ္ဏားကျွန်းလူငယ်များအစည်း အရုံး PYA မှတစ်ဆင့် ကူညီပေးနိုင်ကြောင်း အသိပေး ထုတ်ပြန်ထားသည်။

ဓာတ်ပုံ – ပုဏ္ဏားကျွန်းမြို့နယ်ထဲက စစ်ဘေးရှောင်စခန်းတစ်ခု ရေကြီးနေသည့်မြင်ကွင်းကို ၂၀၂၅ ဇွန်လ ၁၈ ရက်နေ့တွင် တွေ့ရစဉ်။ (ဓါတ်ပုံ – PYA)

(Western News သည် ရန်ကုန်ခေတ်သစ်၏ မဟာမိတ်ဖြစ်သည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article