28 C
Yangon

ချောင်းဦးမြို့နယ်တွင် ကြေးနီတင်ယာဉ်တန်းကို မိုင်းဆွဲမှု စစ်သား ၁ ဦး သေဆုံး

Must read

ရန်ကုန် ၊ ဇွန် ၁၈

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံအနီးတွင် အကြမ်းဖက်စစ်ကောင်စီ၏ ကြေးနီတင် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကားပေါ်လိုက်ပါလာသော စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း Area 71 LPDF Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ယနေ့ ဇွန်လ ၁၈ ရက်နေ့ နံနက် ၇ နာရီ ၃၀ မိနစ်ခန့်အချိန် မုံရွာမြို့မှ စစ်ကိုင်းမြို့ဘက်သို့ မုံရွာ-မန္တလေး လမ်းအတိုင်း ထွက်လာသော ကြေးနီတင်ယာဉ်တန်းကို ချောင်းဦးမြို့နယ်၊ ခင်မွန်ဘက်စုံခြံနားအ ရောက် Area 71 LPDF Monywa အဖွဲ့ရဲဘော်များက ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ယာဉ်တန်း၏ ၄ စီးမြောက် ကားဦးခေါင်းပိုင်းကို ထိမှန်ခဲ့ကြောင်း၊ ခေါင်းခန်းအတွင်းတွင် လိုက်ပါလာသော စစ်ကောင်စီတပ်သား ၁ ဦး သေဆုံးခဲ့ကြောင်း သိရသည်။

“ကားရဲ့ဦးခေါင်းပိုင်းကို ထိထိမိမိထိမှန်သွားတာ၊ ကားခေါင်းထဲက တစ်ယောက်သေတယ်။ မှောက် လျက်ကြီးပါသွားသလို ကားတံခါးမှာလည်း သွေးတွေစီးကျနေတယ်လို့ Scout က သတင်းပို့ထားပါ တယ်။ အဓိကဆွဲချင်တာက စခတွေပါတဲ့ လုံခြုံရေးကားကို ဆွဲချင်တာ၊ ပြည်သူတွေရဲ့ ဆိုင်ကယ်‌ တွေ၊ ကားတွေကိုရှောင်ပြီး ဆွဲခဲ့လိုက်ရတာပါ” ဟု Area 71 LPDF Monywa တပ်ဖွဲ့ခေါင်းဆောင် ကိုထွန်းက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထိုသို့ မိုင်းဆွဲတိုက်ခိုက်ပြီးနောက် ယာဉ်တန်းနှင့်အတူ လုံခြုံရေးလိုက်ပါလာသော စစ်သားများ၊ လမ်းပိုင်းတွင် ကင်းပုန်းယူနေသော စစ်သားများက ၄၀ မမ အပါအဝင် လက်နက်ကြီး၊ လက်နက် ငယ်များဖြင့် ဝိုင်းဝန်းပစ်ခတ်ခဲ့သော် လည်း မိုင်းဆွဲတိုက်ခိုက်ခဲ့သည့် ရဲဘော်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

အဆိုပါ တိုက်ခိုက်မှုကို မုံရွာမြို့နယ် ပြည်သူ့ကာကွယ်ရေး မိုင်းအဖွဲ့နှင့် Area 71 LPDF Monywa အဖွဲ့တို့ ပူးပေါင်း လုပ် ဆောင်ခဲ့ခြင်းဖြစ်သည်။

မုံရွာ -မန္တလေးလမ်းပိုင်းကို အသုံးပြုကြသော ပြည်သူများအနေဖြင့် အကြမ်း ဖက် စစ်ကောင်စီ၏ ယာဉ်တန်းများ၊ ကင်းပုန်းစစ်သားများ၊ စစ်ကြောင်းများတွေ့ရှိပါက ဝေးဝေးမှရှောင်ကွင်း၍ သွားလာ ပေးကြရန်နှင့် လုံခြုံရေး၊ အသိ၊ သတိရှိစွာဖြင့် သွားလာနေထိုင်ပေးကြရန် မေတ္တာရပ်ခံတိုက် တွန်းထားသည်။

ဓာတ်ပုံ – လက်ပံတောင်းတောင်မှ ကြေးနီသယ်ယာဉ်တန်းကို ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်နေ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့စဉ်။

(ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

လက်ပံတောင်းတောင်မှ ကြေးနီသယ်ယာဉ်တန်းကို ၂၀၂၅ ခုနှစ် ဖေဖော် ဝါရီလ ၂၈ ရက်နေ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်များ တိုက်ခိုက်ခဲ့စဉ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article