ဒီကနေ့ ဇွန် ၁၉ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လူထုသဘောထားနဲ့ သွေဖီတဲ့ လုပ်ရပ်တွေ မလုပ်ဘဲ ပြည်သူ့နွေဦးတော်လှန်ရေးကြီးနဲ့လည်း ထပ်တူထပ်မျှ ရပ်တည်နေတယ်လို့ ယုံကြည်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ- NUG ယာယီသမ္မတ ဒူဝါလရှီးလ နဲ့ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့က ထုတ်ဖော်ပြောဆိုလိုက်ကြပါတယ်။
- ဒီကနေ့ ဇွန်လ ၁၉ ရက်နေ့မှာ အသက် ၈၀ ပြည့်သွားပြီဖြစ်တဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ပြည်သူ့တော်လှန်ရေးအောင်ပွဲတေးသံကို နားစွင့်နေလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ-NUG ၊ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောလိုက်ပါတယ်။
- ရန်ကုန်မှာ အခြေစိုက်ထားတဲ့ ဥရောပသမဂ္ဂ၊ ဗြိတိန်၊ ကနေဒါ၊ ဆွီဒင်၊ ပြင်သစ် ၊ နော်ဝေး၊ ဒိန်းမတ် အပါအဝင် နိုင်ငံတကာသံရုံးတွေကနေ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ သံရုံးဖေ့ဘုတ်စ်စာမျက်နှာတွေမှာ လူထုခေါင်းဆောင် ဒေါ်ဆောင်ဆန်းစုကြည်နဲ့ နှင်းဆီပန်းပုံတွေကို အသီးသီး တင်ထားကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
