ရန်ကုန်၊ ဇွန် ၁၉
မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ အနိမ့်ကျေးရွာနှင့် ခေါင်းကွဲကျေးရွာအကြား စစ်သားနှင့် ပျူစောထီးများ လိုက်ပါလာသော ကားကို ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ရုရှားပြန်စစ်တပ်ဗိုလ်ကြီး ပြည့်ဖြိုးကျော်နှင့် ပျူစောထီး ခေါင်း ဆောင်မင်းသိုက်အပါအဝင် ၃ ဦးသေဆုံးခဲ့ကြောင်း Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီခန့်အချိန် မြင်းခြံမြို့မှ ထွက်လာသော ရုရှားပြန်စစ်တပ် ဗိုလ်ကြီး ပြည့်ဖြိုးကျော်နှင့် အနိမ့်သာပေါင်းကျေးရွာအုပ်စု ပျူစောထီးခေါင်းဆောင် မင်းသိုက် အပါအဝင် ၄ ဦးလိုက်ပါလာသည့် ကားကို Myingyan Black Tiger – MBT တပ်ဖွဲ့က ကင်းပုန်း ဝပ်စောင့်ဆိုင်းကာ အလစ်အငိုက်ကြားဖြတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
“သတင်းရတုန်းက ကားတစ်စီးတည်းလာမယ်လို့ သတင်းရတာ၊ တကယ်သွားတိုက်တော့ ကား ၂ စီး ဖြစ်နေလို့ လက်နက်တွေ မရခဲ့ဘူး။ ၁ စီးတည်းဆိုပြီး အနီးကပ်အပိုင်ဝင်းပစ်ခဲ့တာ၊ ရုရှားပြန် ဗိုလ်ကြီး လည်းသေတယ်။ ပျူစောထီးခေါင်းဆောင်လည်းသေတယ်။ ကားပေါ်ပါတဲ့သူ ၄ ဦးထဲက ၃ ဦးသေ တယ်။ ကျနော်တို့ရဲဘော်တွေအားလုံးဘေးကင်းစွာ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ပါတယ်” ဟု Myingyan Black Tiger -MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ထိုသို့ တိုက်ခိုက်မှုအတွင်း ကားပေါ်တွင် လိုက်ပါသော ပြည့်ဖြိုးကျော်၊ အနိမ့်သာပေါင်း ပျူစောထီး ခေါင်းဆောင် မင်းသိုက်နှင့် တပ်သား ပိုင်စိုးတို့သေဆုံးကာ တပ်ကြပ်ကြီး မုတ်ဆိတ်မှာ အပြင်းအထန် ဒဏ်ရာရရှိသွားကြောင်း သိရသည်။
သေဆုံးစစ်သား၊ ပျူစောထီးများအလောင်းများနှင့် ဒဏ်ရာရ စစ်သားတို့ကို မြင်းခြံမြို့နယ် ပျူစောထီး ခေါင်း ဆောင် သီတာယုမွန်နှင့်အဖွဲ့က လာရောက်သယ်ဆောင်သွားပြီး ဒဏ်ရာအပြင်းအထန်ရရှိ သော တပ်ကြပ်ကြီး မုတ်ဆိတ်ကို မြင်းခြံမြို့နယ်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်လိုက်ကြောင်း၊ ထို့ အပြင် သေဆုံးသွားသော ပျူစောထီးခေါင်းဆောင် မင်းသိုက်၏ ရုပ်အလောင်းကို သီတာယုမွန်က မိသားစုထံ ပြန်မပေးဘဲ သင်္ဂြိုလ်ပေးမည်ဟု သိမ်းယူထားကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
