27.2 C
Yangon

ဂျပန်နိုင်ငံနှင့် မလေးရှားနိုင်ငံရောက် မြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်မွေးနေ့ပြုလုပ်

Must read

ရန်ကုန်၊ ဇွန် ၁၈

ဂျပန်နိုင်ငံတိုကျိုမြို့တွင် ရွှေ့ပြောင်းမြန်မာပြည်သူများက ဒေါ်အောင်ဆန်းစုကြည် နှစ် ၈၀ ပြည့်‌ မွေးနေ့ပွဲကို ကျင်းပခဲ့ကြကာ စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။

အလားတူ မလေးရှားနိုင်ငံ NLD OC International Malaysia ရုံးတွင် လူထုခေါင်းဆောင် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် အမေဒေါ်အောင်ဆန်းစုကြည်၏ အသက် ၈၀ ပြည့်မွေးနေ့ ပွဲအခမ်းနားကို ကျင်းပခဲ့ပြီး သံဃာတော်များအား ပင့်ဖိတ်၍နေ့ဆွမ်းကပ်လှူခဲ့ကြောင်း သိရှိရသည်။

မွေးနေ့ဆုတောင်းပွဲ အခမ်းအနားကို မလေးရှားအခြေစိုက် “CSP အမှန်တရားဘက်တော်သားများထောက်ပို့တပ်စု”၊ “(၂၂၂၂၂) နှစ်ငါးလုံးပြည်ပထောက်ပို့အဖွဲ့ (ဂျိုဟိုး)”၊ Zomi federal union မှခေါင်းဆောင်၊ ရဝမ်- လီဆူး တိုင်းရင်းသားခေါင်းဆောင်များ ၊ MBS မွန်တိုင်းရင်းသားများအဖွဲ့ -(CARC)နှင့်(HRN) အဖွဲ့တို့မှ ရခိုင် တိုင်းရင်းသားခေါင်းဆောင်များ အသီးသီးလာရောက် ဝန်းရံခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article