27.4 C
Yangon

ကျောက်ဖြူမြို့နယ်၊ ပြိုင်းစေ့ကေရွာ စစ်ကောင်စီ တပ်စခန်းကို AA တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၅၀ ထက်မနည်းသေဆုံးပြီး အများအပြား အရှင်ဖမ်းဆီးရရှိ

Must read

ရန်ကုန်| ဇွန် ၂၀

ရခိုင်ပြည်၊ ကျောက်ဖြူမြို့ အမှတ် ၃၂ ရဲတပ်ရင်း ကာကင်းစခန်းဖြစ်သော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီတပ်စခန်းကို အာရက္ခတပ်တော် AA က တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ၅၀ ဦးထက်မနည်း သေဆုံးသွားပြီး အများအပြားကို အရှင်ဖမ်းဆီးရရှိကြောင်း AA သတင်းရင်းမြစ်က ပြောဆိုသည်။

စစ်အင်အား ၁၀၀ ရှိသော ပြိုင်းစေ့ကေကျေးရွာရှိ စစ်ကောင်စီစခန်းကို အာရက္ခတပ်တော် AA က အလုံးအရင်းဖြင့် ဝင်ရောက် တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး စစ်ကောင်စီ၏ အမှတ် ၃၂ ရဲတပ်ရင်းကိုလည်း AA က ဝိုင်းရံပိတ်ဆို့ နေ့စဉ် တိုက်ခိုက်နေကြောင်း၊ ယခုရက်ပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဖက်မှ တပ်သား ၅၀ ဦးထက်မနည်းကို ရှင်းလင်းနိုင်ခဲ့ပြီး အများအပြား အရှင် ဖမ်းဆီးရရှိကြောင်း သိရှိရသည်။

ကျောက်ဖြူမြို့နယ်ရှိ စစ်ကောင်စီ တပ်စခန်း တစ်ခုနှင့်တစ်ခုမှာ စစ်ကူပေးပို့နိုင်ခြင်းမရှိစေရန် အာရက္ခတပ်တော် AA က အဘက်ဘက်မှ ဝိုင်းရံပိတ်ဆို့ ဖြတ်တောက်ထားကြောင်း ၊ AA ၏ ကျောက်ဖြူမြို့သိမ်းတိုက်ပွဲမှာ စစ်ကောင်စီ၏ နှမ်းဖဲတောင်တပ်စခန်း၊ မင်းတပ်တောင် တပ်စခန်းနှင့် လိပ်ခမော်တပ်စခန်းတို့ကို သိမ်းပိုက်ထားပြီး လက်ရှိတွင် အမှတ် ၃၂ ရဲတပ်ရင်းကို ဦးတည်တိုက်ခိုက်နေကြောင်း သိရသည်။

ကျောက်ဖြူတိုက်ပွဲကို စစ်ကောင်စီက ကြည်း၊ ရေ၊ လေ သုံးခုစလုံးဖြင့် ခုခံတိုက်ခိုက်နေသော်လည်း အာရက္ခတပ်တော် AA စစ်ရေးအသာစီး ရရှိနေကြောင်း ရခိုင်ပြည် စစ်ရေးသုံးသပ်သူများက ပြောဆိုထားကြသည်။

ဓာတ်ပုံ – ပြိုင်းစေ့ကေရွာ စစ်ကောင်စီ တပ်စခန်းမှ အရှင်ဖမ်းဆီးရရှိသော စစ်ကောင်စီတပ်သားများ။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article