27.4 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၀ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၀ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပုလဲမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီရဲ့ တိုက်လေယာဉ်ကို ပစ်ချခံရတဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့တဲ့ ကန်ဒေါင့်နယ်မြေ စစ်တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက အပြီးသတ် သိမ်းပိုက်ရရှိသွားပြီလို့ PLA တပ်ဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရဲဘော်နီနီကျော်က ရန်ကုန်ခေတ်သစ်ကို အတည်ပြုပြောဆိုထားပါတယ်။
  • TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့ အနီးတစ်ဝိုက်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး စစ်တပ် လော်ဘီတွေကတော့ သူတို့ဘက်က ထိုးစစ်အခြေနေကောင်းတယ်ဆိုပြီး လိမ်လည်ဝါဒဖြန့်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာပြန်သလို ၊ မြေပြင်မှာတော့ သူတို့စစ်သားတွေသာ အသေများပြီး ပြန် ဆုပ်သွားလိုက် ၊ အင်အာဖြည့်ပြီး ပြန်တက်လာလိုက်လုပ်နေကြတာဖြစ်တယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က မှော်ဝမ်းလေး ဘုန်းကြီးကျောင်းအနီးကို အကြမ်းဖက် စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး ဒဏ်ရာရထားပြန်တဲ့ သတင်းအပါအဝင် မနက်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article