24.2 C
Yangon

မြန်မာနိုင်ငံအခြေအနေက အာဆီယံအတွက် ဖိအားအများဆုံးနှင့် ဖြေရှင်းမနိုင်သော စိန်ခေါ်မှုဟု မလေးရှားဝန်ကြီးချုပ် ထုတ်ပြောလာ

Must read

ရန်ကုန်၊ ဇွန် ၂၀

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသော နိုင်ငံရေးအကျပ်အတည်းနှင့် ပဋိပက္ခအခြေအနေများက အာဆီယံအဖွဲ့အတွက် ဖိအားအများဆုံးနှင့် ဖြေရှင်းမနိုင်သော စိန်ခေါ်မှုတစ်ခု ဖြစ်နေကြောင်း အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် Anwar Ibrahimက ထုတ်ဖော်ပြောဆိုလိုက်သည်။

ယမန်နေ့ မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူတွင် ပြုလုပ်သော ၃၈ ကြိမ်မြောက် အာရှပစိဖိတ် အစည်းအဝေး (Asia-Pacific Roundtable-APR)တွင် ၎င်းက အထက်ပါအတိုင်း ပြောဆိုလိုက်ခြင်းဖြစ်သည်။

၂၀၂၅ ခုနှစ် အာဆီယံဥက္ကဋ္ဌ မလေးရှားနိုင်ငံအနေဖြင့် မြန်မာ့အရေးကို မိတ်ဖက်နိုင်ငံများနှင့်အတူ ဒေသတွင်းပူးပေါင်းဆောင်ရွက်မှုစနစ်များကို အပြည့်အဝ အသုံးချ၍ အကြမ်းဖက်မှုများ လျှော့ချရန်နှင့် ငြိမ်းချမ်းရေး ပြန်လည်ရရှိရေး ဖြေရှင်းဆောင်ရွက်ရန် စိတ်ပိုင်းဆုံးဖြတ်ထားကြောင်း ၎င်းက ပြောဆိုသည်။

သို့ရာတွင် အာဆီယံအနေဖြင့် မြန်မာ့အရေးဖြေရှင်းရန် ပိုမို ပြင်းပြင်းထန်ထန် လုပ်ကိုင်ဆောင်ရွက်ရန် အရေးတကြီးလိုအပ်ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူမြို့တွင် ဇွန်လ ၁၇ ရက်နေ့ မှ ဇွန်လ ၁၉ ရက်နေ့အထိ ၃ ရက်အကြာပြုလုပ်ခဲ့သော APR အစည်းအဝေးတွင် နိုင်ငံပေါင်း ၂၅ နိုင်ငံမှ ကိုယ်စားလှယ် ၄၀၀ နှင့် ပညာရှင် ၅၀ ခန့် တက်ရောက်ခဲ့ကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article