29.8 C
Yangon

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က လက်နက်ကိုင် တော်လှန်နေသူများအပေါ် နားလည်စာနာ

Must read

ရန်ကုန်၊ ဇွန် ၂၀

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးမူကို စွဲစွဲမြဲမြဲကိုင်ခဲ့သော်လည်း လက်နက်ကိုင် တော်လှန်နေသူများအပေါ် နားလည်စာနာမှုရှိကြောင်း NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောဆိုထားသည်။

ဇွန်လ ၁၇ ရက်နေ့ Public Voice Television-PVTV သတင်းဌာန၏ ဆောင်းပါးကဏ္ဍတွင် NLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က “ဒေါ်အောင်ဆန်းစုကြည်နှင့် လက်နက်ကိုင်တော်လှန်ရေး” ဆိုသော ဆောင်းပါးကို ရေးသားဖော်ပြခဲ့ပြီး ယင်းဆောင်း ပါးတွင် ဦးဟံသာမြင့်က အထက်ပါအတိုင်း ပြောဆိုရေးသားထားခြင်းဖြစ်သည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် သူကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ထားသော်လည်း လက်နက်ကိုင်ပြီး တော်လှန်နေသူများအပေါ် စာနာနားလည်မှုရှိသည်ကို ပြသခဲ့ကြောင်း ဦးဟံသာမြင့်၏ ဆောင်းပါးတွင် ရေးသားဖော်ပြထားသည်။

“ဒေါ်အောင်ဆန်းစုကြည်အပေါ် ရခဲ့တဲ့ ဦးဆုံးအမြင် (First Impression) ကတော့ သူက ရွှေပြည်အေးသမားလား၊ လက်တွေ့ကျကျစဉ်းစားတတ်သူ လားပေါ့။ နဝတ က အာဏာသိမ်းပြီးနောက်ပိုင်းမှာ NLD ကို ဖွဲ့စည်းပြီး၊ ခေါင်းဆောင်ပြန်တော့လည်း အထိအခိုက်အနည်းဆုံးဖြစ်အောင် အကြမ်းမဖက်ရေးမူကိုပဲ ဒေါ်အောင်ဆန်းစုကြည်က စွဲစွဲမြဲမြဲ ကိုင်ခဲ့ပါတယ်။ ဒါပေမဲ့ သူ ပထမအကြိမ် အကျယ်ချုပ်က ပြန်လွတ်မြောက်လာပြီးနောက်၊ လက်ခံပြောကြားခဲ့တဲ့ အင်တာဗျူး တခုမှာ အနောက်တိုင်းသတင်းစာဆရာတစ်ယောက်က ဒေါ်အောင်ဆန်းစုကြည်ဟာ အကြမ်းမဖက်ခြင်းမူဝါဒကို (မဟတ္တမဂန္ဒီ တို့လို) မပြောင်းလဲဘဲ ကိုင်စွဲထားမဲ့ သီလတခု (moral imperative) အဖြစ် ခံယူထားတာလားလို့ ချောင်ပိတ်မေးခဲ့ပေမယ့် အစ်မက ဟုတ်တယ်လို့ မပြောခဲ့ပါဘူး။

မိမိကိုယ်တိုင်က လက်နက်ကိုင်တော်လှန်ရေးကို စွန့်လွှတ်ထားပေမယ့်၊ လက်နက်ကိုင်ပြီး တော်လှန်နေ သူတွေအပေါ်မှာ နားလည်စာနာမှု ရှိတယ်ဆိုတာကိုတော့ NLD က ကျင်းပတဲ့ ၁၉၉၇ ပြည်ထောင်စုနေ့ အခမ်းအနားမှာ မဲသဝေါထကြေညာချက်ကို တရားဝင်ထောက်ခံလိုက်ခြင်းဖြင့် ပြသခဲ့ပါတယ်” ဟု ဦးဟံသာမြင့်၏ ဆောင်းပါးတွင် ရေးသားထားသည်။

ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် NLD ပါတီကို ပြန်လည်မှတ်ပုံတင်ပြီး ၂၀၂၁ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရန် ဆုံးဖြတ်ချက် ချခဲ့ကြောင်း၊ NLD အစိုးရ ဖြစ်လာချိန်တွင်လည်း မလုပ်ချင်သော အလုပ်များကို ဒေါ်အောင်ဆန်းစုကြည် လုပ်ခဲ့ရကြောင်း၊ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလတွင် စစ်အာဏာသိမ်းမှုကြောင့် လုပ်ခဲ့သမျှ အလဟဿဖြစ်ခဲ့ရကြောင်း၊ လူငယ်လူရွယ်များက လက်နက်မကိုင်လျှင် မဖြစ်တော့၍ EROsများထဲ ဝင်ရောက်ပူးပေါင်းပြီး စစ်အာဏာရှင် တိုက်ဖျက်ရေးလုပ်နေရသည်ဟု ဦးဟံသာမြင့်က ဆက်လက်ရေးသားထားသည်။

” လက်နက်ကိုင်ပြီး မတော်လှန်ရင် မဖြစ်တော့ဘူး၊ တခြားရွေးချယ် စရာလမ်းတွေ ကုန်သွားပြီဆိုတဲ့အထိ ဖြစ်သွားရတဲ့ လူငယ်၊ လူရွယ်များဟာ လက်နက်ကိုင်တော်လှန်ဆဲဖြစ်နေတဲ့ EROs များထဲမှာ ဝင်ရောက်ပူးပေါင်းပြီးသော်လည်းကောင်း၊ သီးသန့်စုစည်းရပ်တည်လျှက်သော်လည်းကောင်း မလုပ်မဖြစ်တဲ့ စစ်အာဏာရှင်တိုက်ဖျက်ရေးကို လုပ်ကြရပါတော့တယ်။ အလားတူပါပဲ။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ ကိုယ်စားလှယ်များကလဲ၊ CRPH တို့ ဖွဲ့စည်းပြီးနောက် အခြားတော်လှန်ရေးအင်အားစုများနဲ့ ပူးပေါင်းကာ၊ NUG၊ NUCC စသည်တို့ကို ဖွဲ့စည်းလှုပ်ရှားကြတာဟာလဲ မလုပ်မဖြစ်လို့ လုပ်ကြရတာပါပဲ။ ဒီလို ကိုယ့်ဆန္ဒအပေါ်မှာ မတည်ဘဲ၊ မလုပ်မဖြစ်တဲ့အလုပ်ကို လုပ်ခဲ့ကြတယ်ဆိုတာကို အစ်မ (ဒေါ်အောင်ဆန်း စုကြည်)က နားလည်သဘောပေါက် ထောက်ခံလိမ့်မယ်လို့ ကျွန်တော်ကတော့ အခိုင်အမာ ယုံပါတယ်” ဟု ဦးဟံသာမြင့်က ရေးသားထားသည်။

စစ်တပ်လော်ဘီများနှင့် စစ်တပ်က ငွေကြေးထောက်ပံ့ပေးထားသော မီဒီယာအမည်ခံ လော်ဘီများက ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် CRPH ၊ NUG တို့ကို မသိရှိဟု စစ်ကောင်စီတရားရုံးတွင် ထွက်ဆိုထားသော ကြောင့် NUG နှင့် CRPH ကို ဒေါ်အောင်ဆန်းစုကြည်က မထောက်ခံဆိုသော လိမ်လည် ဝါဒဖြန့်မှုများကို စစ်လော်ဘီတယ်လီဂရန်ချန်နယ်များတွင် အလုံးအရင်းဖြင့် ဖြန့်ဝေလျက်ရှိနေသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article