ဒီကနေ့ ဇွန် ၂၀ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးမူကို စွဲစွဲမြဲမြဲကိုင်ခဲ့ပေမယ့် လက်နက်ကိုင် တော်လှန်နေသူတွေအပေါ် စာနာနားလည်မှုရှိတယ်လိုNLD ဗဟိုအလုပ်အမှုဆောင် ဦးဟံသာမြင့်က ပြောဆိုထားပါတယ်။
- မြန်မာနိုင်ငံရဲ့ အခြေအနေက အာဆီယံအတွက် ဖိအားအများဆုံး နဲ့ ဖြေရှင်းလို မနိုင်တဲ့ စိန်ခေါ်မှုဖြစ်တယ်လို အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ်က ထုတ်ပြောလာပြန်ပါတယ်။
- မန္တလေးတိုင်း၊ တောင်သာမြိုနယ်အတွင်းက လမ်းပိုင်းတနေရာမှာ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး အောင်ဖြိုး ဆိုသူကို တော်လှန်ရေးတပ်တွေက အရှင်ဖမ်းဆီးရရှိခဲ့တဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
