ရန်ကုန်| ဇွန် ၂၃
မလေးရှားနိုင်ငံကို တရားမဝင် လမ်းကြောင်းက သွားမည် မြန်မာနိုင်ငံသားများ အပါအဝင် ထိုင်းနိုင်ငံအတွင်းသို့ ခိုးဝင်လာသော မြန်မာနိုင်ငံသား ၄၁ ဦးကို ထိုင်းနိုင်ငံ၊ ကန်ချနဘူရီခရိုင်တွင် ထိုင်းအာဏာပိုင်များက ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာနများက ဖော်ပြသည်။
ယနေ့ ဇွန်လ ၂၃ ရက်နေ့ နံနက် ၄ နာရီ အချိန်ခန့်က ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီ၊ ထောင်းဖာဖုမ်ဒေသတွင် တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၄၁ ဦးကို ထိုင်းအဏာပိုင်များက ဖမ်းခဲ့ကြောင်း ၊ဖမ်းဆီးခံရသူများတွင် မလေးရှားသွားမည့် မြန်မာအမျိုး သား ၃၃ ဦး ပါဝင်ပြီး ၁ ဦးလျှင် ထိုင်းဘတ် ၅၅၀၀၀ ပွဲစားအား ပေးခဲ့ရကြောင်းသိရသည်။ ယင်းအထဲမှ အမျိုးသမီး ၈ ဦးသည် ဘန်ကောက်သို့ သွားရောက်အလုပ်လုပ်ကိုင်မည်ဖြစ်ပြီး ၁ ဦးလျှင် ထိုင်းဘတ် ၁၅၀၀၀ ခန့် ပွဲစားအား ပေးရကြောင်း သိရသည်။
ခိုးဝင်များကို သယ်ဆောင်လာသော ကားကို ဇွန်လ ၂၂ ရက်နေ့ ညပိုင်းတွင် သာခနွန့်ကျေးရွာအုပ်စု၊ အမှတ် ၄ ရွာရှိ ဝပ်ယူလုံးဘုန်းကြီးကျောင်းတွင် စောင့်ဆိုင်းခဲ့ကာ ဖမ်းဆီးခဲ့ခြင်း ဖြစ်ပြီး မြန်မာနိုင်ငံသား ၄၁ ဦးနှင့် ယာဉ် မောင်းကို ဥပဒေအရ အရေးယူဆောင်ရွက်ရန် ထောင်းဖာဖုမ်ရဲစခန်းသို့ ပို့ဆောင်ထားကြောင်း သိရှိရသည်။
ဖမ်းဆီးခံရသော မြန်မာနိုင်ငံသားများမှာ ရန်ကုန်၊ မော်လမြိုင်၊ ဖားကန့်တို့မှ ဖြစ်ပြီး ၎င်းတို့ အားလုံးမှာ မြန်မာ-ထိုင်းနယ်စပ် ဘုရားသုံးဆူ၊ ကန်ချနဘူရီ လမ်းကြောင်းမှတစ်ဆင့် ဝင်ရောက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar



