29.7 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၃ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် စစ်ကောင်စီရုံးစိုက်ရာ နေပြည်တော်က MRTV ဝန်ထမ်း မနှင်းယဉ်ဖြူ ဆိုသူကို ဒေါ်အောင်ဆန်းစုကြည် ရဲ့ အသက် ၈၀ ပြည့် မွေးနေ့ ဆုတောင်းမှုနဲ့ ပန်းသပိတ်မှာ ပါဝင်ခဲ့လို့ဆိုပြီး စစ်ကောင်စီက ပြန်လည်ဖမ်းဆီးလိုက်ပြန်တယ်လို့ MRTV ဝန်ထမ်းအသိုင်း အဝိုင်းကပြောထားသလို ၊ စစ်ကောင်စီကလည်း ထုတ်ပြန်ထားပါတယ်။
  • ကရင်ပြည်နယ် ၊ ထိုင်းမြန်မာနယ်စပ်က အကြမ်းဖက် စစ်ကေင်စီတပ်စခန်းတွေကို တစ်ခုပြီးတစ်ခု သိမ်းပိုက် လာတဲ့ KNLA ပူးပေါင်းတပ်တွေက နောက်ထပ် ထိုင်းမြန်မာနယ်စပ်မှာရှိတဲ့ စစ်ကောင်စီရဲ့ ထီးကပလယ် တပ်စခန်းကို ထပ်မံသိမ်းပိုက်လိုက်ပြန်ပြီး ၊ စစ်ကောင်စီတပ်သားတွေဟာ ထုံးစံအတိုင်း ထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားကြပြန်တယ်လို့ KNLA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးတိုင်းက မလှိုင်မြို့ပေါ်မှာ စားသောက်ဆိုင်အတွင်း သောက်စားမူးရူးပြီး ကွမ်းထွက်ဝယ်တဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က တပ်ကြပ်ကြီး အောင်ဝင်းကို ဆိုသူကို PDF ရဲမေတွေက လက်နက်နဲ့အတူ အရှင်ဖမ်းဆီး ရမိခဲ့တဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article