28.5 C
Yangon

မင်းလှမြို့နယ်၊ ဆားချောင်းရွာ၊ ဆင်အိုင်ချောင်းပေါက်ရွာနှင့် ဂန့်ဂေါ်ပင်ရွာတို့ကို စစ်တပ်က ထပ်မံမီးရှို့နေပြီး ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထား

Must read

ရန်ကုန်၊ ဇွန် ၂၃

ပဲခူးတိုင်း သာယာဝတီခရိုင် မင်းလှမြို့နယ် ဆားချောင်းရွာနှင့် ဆင်အိုင်ချောင်းပေါက်ရွာကို အကြမ်းဖက်စစ်တပ်က မီးတင်ရှို့နေကာ ဦးတိုတောင်စုရွာနှင့် သရော်ကုန်ရွာမှ ပြည်သူ ၇ ဦးကိုလည်း ဖမ်းဆီးထားကြောင်း ဒေသသတင်းရင်းမြစ်နှင့် ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၃ရက်နေ့ နံနက် ၇နာရီခန့်အချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်း မရှိဘဲ ဆားချောင်းရွာကို မီးတင်ရှို့ခဲ့ပြီး နံနက် ၁၁ နာရီခန့်တွင် ဆင်အိုင်ချောင်းပေါက်ရွာကို မီးတင်ရှို့သွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“ရွာတွေကို မီးပတ်ရှို့နေတုန်း။ ၂၀​ရက်နေ့ဖြစ်ပြီးထဲက ဘာတိုက်ပွဲမှ မရှိဘူး။ ပြည်သူတွေက ခုထိ ပြေးနေရတုန်း”ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ထို့ပြင် အကြမ်းဖက်စစ်တပ်သည် ပြည်သူများကိုလည်း ဖမ်းဆီးနေပြီး ဇွန်လ ၂၁ ရက်နေ့ကစပြီး ဦးတိုကညင်ပင်အုပ်စု ဦးတိုတောင်စုရွာမှ ပြည်သူ ၅ ဦးနှင့် ဇွန်လ ၂၂ ရက်နေ့ နေ့လယ်ပိုင်းတွင် ထောက်ကြန့်အုပ်စု သရော်ကုန်ရွာနေ လူငယ် ၂ ဦး တို့ကို ဖမ်းဆီးခေါ်ဆောင်သွားကြောင်း ‌‌ဒေသပြည်သူများ ပြောကြားသည်။

ဖမ်းဆီးခံရသည့် ပြည်သူများကို ဘုန်းကြီးကျောင်းများတွင် ဖမ်းဆီးချုပ်နှောင်ထားကြောင်း၊ မင်းလှမြို့နယ် အတွင်းရှိ သရောက်ကုန်၊ ရွေးကုန်း၊ ဆားချောင်း၊ ထောက်ကြန့်၊ ဘန်ဘွေးပင် ရွာတို့ကိုလည်း စီးနင်း၀င်ရောက်၍ ပြည်သူများ၏ မိုဘိုင်ဖုန်းများကို သိမ်းယူခြင်း၊ လူမနေမရှိသည့် အိမ်များတွင် နေရာယူတပ်စွဲခြင်းများ လုပ်ဆောင်နေကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

အလားတူ ယနေ့ မွန်းလွဲ ၂ နာရီ ၁၀ မိနစ်အချိန် မင်းလှမြို့နယ်၊ ဂန့်ဂေါ်ပင်အုပ်စု၊ ​ဂန့်ဂေါ်ပင်ရွာကိုလည်း စစ်ကောင်စီတပ်က မီးတင်ရှို့နေကြောင်း သိရသည်။

ဇွန်လ ၂၃ ရက် ယနေ့ န့နက်ပိုင်းတွင် စစ်ကောင်စီတပ်က ဂန့်ဂေါ်ပင်၊ ဗိုလ်တထောင်၊ ဆားချောင်းနှင့် ဆင်အိုင်ချောင်းပေါက်ရွာ စုစုပေါင်း ကျေးရွာ ၄ ခုကို မီးတင်ရှို့ခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article