ဒီကနေ့ ဇွန် ၂၃ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ တော်လှန်ရေးတပ်တွေအားလုံးရဲ့ စိုးမိုးနယ်မြေဟာ မလေးရှားနိုင်ငံထက်တောင် ကြီးမားနေပြီး လာမယ့် အသွင်ကူးပြောင်းရေးအစိုးရ တစ်ရပ် လိုအပ်နေမှုကိုလည်း တိုင်းရင်းသား တော်လှန်ရေးတပ် ERO တွေက သဘောတူညီ လက်ခံထားတယ်လို့ NUG ဝန်ကြီးဒေါက်တာ ဇော်ဝေစိုးက ပြောလိုက်ပါတယ်။
- ပဲခူးတိုင်းက ဇီးကုန်းမြို့နယ်မှာ PDF တွေကို ဂရုမစိုက်ဘူးဆိုပြီး ပစ္စတိုသေနတ် ခါးကြားထိုးပြီးတော့ သွားလာနေတဲ့ အကြမ်းဖက် စစ်ကောင်စီလက်အောက်ခံ လက်နက်ကိုင် ပျူစောထီး ဘသန်း ဆိုသူကို PDF ရဲဘော်တွေကပဲ ပစ်ခတ်ရှင်းလင်းလိုက်ရမှာ ပွဲချင်းပြီးကို သေသွားပြီလို့ သာယာဝတီခရိုင် PDF တပ်ရင်း ၁ ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- မကွေးတိုင်းက ရေနံချောင်းမြို့နယ်အတွင်း ဝင်ရောက်လာတဲ့ အကြမ်းဖက် စစ်ကောင်စီတပ် စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက စစ်ကြောင်းတစ်လျှောက် လိုက်လံတိုက်ခိုက် ခြေမှုန်းနေရာမှာ စစ်ကောင်စီတပ်သား ၁၅ ဦးဝန်းကျင်ကတော့ အသီးသီး သေကုန်ကြပြီးဖြစ်သလို ဒဏ်ရာရတဲ့တွေလည်းများပြီး စစ်တပ်ဘက်က တော်တော်အထိနာနေတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
