29.2 C
Yangon

မင်းလှမြို့နယ်၊ ခွက်မကျေးရွာကို စစ်တပ်က ယနေ့ နံနက် မီးတင်ရှို့ပြီး ဖမ်းဆီးခံရသော ပြည်သူ ၃၆ ဦးရှိလာကာ ပစ်ခတ်မီးရှို့ခံရသော ကျေးရွာပေါင်း ၁၀ ရွာဝန်းကျင်အထိ ရှိ

Must read

ရန်ကုန်၊ ဇွန် ၂၅

ပဲခူးတိုင်း၊ မင်းလှမြို့နယ်၊ ခွက်မကျေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်း မီးတင်ရှို့ပြန်ကြောင်ဒေသပြည်သူများနှင့် ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၅ ရက်နေ့ နံနက် ၇ နာရီ ၂၀ မိနစ်အချိန် မင်းလှမြို့နယ်၊ ခွက်မကျေးရွာအုပ်စု၊ ​ခွက်မကျေးရွာကို စစ်တပ်က မီးတင်ရှို့ကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်ကြောင်းထိုးကာ မီးတင်ရှို့နေခြင်းဖြစ်ကြောင်း သိရှိရသည်။

“တိုက်ပွဲဖြစ်တာမရှိပါဘူး။ ခွက်မရွာကို စစ်သားတွေက အခုမီးတင်နေတာ မီးခိုးလုံးတွေ မြင်ရတယ်။ ညထဲက ရွာကလူတွေလည်း ရှောင်ကြတိမ်းကြနဲ့ ရွာထဲမှာ အသက်ကြီးသူတွေပဲ ကျန်​ပါတယ်”ဟု ဒေသပြည်သူတစ်ဦးကိုးကား၍ ဒေသသတင်းရင်းမြစ် MinhlaThadinက ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၄ ရက်နေ့ ယမန်နေ့ ညပိုင်းကလည်း စစ်ကောင်စီတပ်က လက်နက်ကြီးများလည်း ငလှစမ်းရွာ၊ ခွက်မရွာဘက်နှင့် စမ်းဘုတ်ရွာဘက်ကို ပစ်ခတ်ခဲ့ကြောင်း၊ ထို့ပြင် ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီခန့်အချိန် မီးမလောင်ဘဲ ကျန်ရှိနေသည့် ငလှစမ်းရွာ မှ နေအိမ်များကို စစ်ကောင်စီတပ်က ထပ်မံမီးရှို့ခဲ့ပြီး ရွာသား ၁၄ ဦးအား လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရှိရသည်။

အလားတူ ဇွန်လ ၂၃ ရက်နေ့ ညနေ ၅ နာရီအချိန် ငှက်ပျောတုန်းရွာမှ ပြည်သူ ၁၁ ဦး၊ တောင်ပေါ်စုရွာမှ ပြည်သူ ၁ ဦး ၊ ဇွန်လ ၂၄ ရက်နေ့ ၁၀ နာရီခန့် အချိန် ကညင်ပင်စမ်းရွာမှ အမျိုးသမီး ၁၀ ဦးတို့ကို စစ်တပ်က ဖမ်းဆီးသွားပြီး မည်သည့်နေရာသို့ ဖမ်းဆီးခေါ်ဆောင်သွားသည်ကို မသိရကြောင်း ဒေသပြည်သူများက ပြောဆိုသည်။

ထို့အတူ ဇွန်လ ၂၂ ရက်နေ့ကလည်း စစ်ကောင်စီတပ်က ပစ်ခတ်သော လက်နက်ကြီးများ ကျရောက်ပေါက်ကွဲမှုကြောင့် စမ်းဘုတ်ရွာမှ ကိုရေခဲ ပြင်းထန်ဒဏ်ရာရရှိခဲ့ပြီး နေအိမ်များလည်းပျက်စီးသွားကြောင်း၊ ဇွန်လ ၂၃ ရက်နေ့ တွင်မူ တာကလေးကျေးရွာတွင် စစ်တပ်ပစ်ခတ်သော လက်နက်ကြီးကျရောက်ပေါက်ကွဲမှုကြောင့် ဖားလေးကွင်း (မြောက်စု) ရွာမှ ဦးအောအာကြီး နှင့် သားဖြစ်သူ ကိုဖီဖိုးမင်း တို့မှာ ပြင်းထန်ဒဏ်ရာရှိကြောင်း သိရှိရသည်။

မင်းလှမြို့နယ်တွင် ယနေ့အထိ စစ်ကောင်စီ၏ စစ်ကြောင်းထိုးမီးရှို့နေမှုကြောင့် စစ်ရှောင်နေရသည့် ရွာပေါင်း ၄၀ အထိရှိလာပြီး စစ်ဘေးရှောင်ပြည်သူ ၁၀၀၀၀ ဝန်းကျင် ရှိနိုင်ကြောင်း ဒေသပြည်သူများထံမှ သိရှိရသည်။

စစ်တပ်၏ စစ်ကြောင်းထိုးမှုကြောင့် ကျွဲမကိုင်း၊ ရွေးကုန်း၊ စမ်းဘုတ်၊ ကျွန်းကုန်း၊ ဆားချောင်း [ အရှေ့ ]၊ ခွက်မ ၊ငလှစမ်း၊ ငမိုးရပ်၊ စရစ်မြောင်၊ ရွှေပေါက်ပင်၊ တောင်လိမ် ၊ ကံသုံးဆင့် ၊ထောက်ကြန့် ၊သရော်ကုန်း၊ ဘန့်ဘွေးပင် ဆားချောင်း [ အနောက် ]၊ ဆင်အိုင်ချောင်းပေါက်၊ တောင်ပြတ်ရွာသစ်၊ တောင်ပြတ်ရွာမ၊ ဦးတိုကညင်ပင်၊ ဦးတိုကျွဲလမ်းစု၊ ဦးတိုစာဖြူစု၊ ဦးတိုတာကလေး ၊ဦးတိုတောင်စု ၊ဦးတိုမြန်မာစု၊ ဦးတိုရွာသစ်၊ ဂန့်ဂေါ်ပင်ရွာသစ်၊ ဂန်ဂေါ်ပင်ရွာမ၊ ဗိုလ်တထောင်၊ စာဖြူစု ၊ဖားလေးကွင်း၊ ဖားလေးကွင်း [အရှေ့စု] ၊ဖားလေးကွင်း [အနောက်စု]၊ ဖားလေးကွင်း [တောင်စု]၊ ညောင်ပင်သာ၊ ရှမ်းစု၊ စမ်းတောင်ကွေ့၊ ညောင်ပင်သာရွာမ၊ ညောင်ပင်သာရွာသစ်၊ ကရင်စီကွ၊ အင်ကြင်းကုန်း [တောင်]၊ အညာတန်းကြီး၊ တာကလေး ကျေးရွာတို့မှ ပြည်သူ ၁ သောင်းဝန်းကျင် ထွက်ပြေးနေရကြောင်း သိရှိရသည်။

ထို့ပြင် စစ်တပ်က ဇွန်လ ၂၃ ရက်နေ့ ညနေပိုင်း မင်းလှ နှင့် လက်ပံတန်းခြား စည်းရိုးပေါ်ရှိ လက်ပံတန်းအပိုင် ရေငံအုပ်စု စီတုန်းရွာကို စစ်ကောင်စီ နှင့် ပျူစောထီးများ ၀င်ရောက်စီးနင်းကာ ရွာသားများ၏ နေအိမ်များမှ ရွှေနှင့်ငွေများ အပါအဝင် အဖိုးတန်ပစ္စည်းများကို လုယက်သွားကြောင်း သိရှိရသည်။

ဓာတ်ပုံ – မင်းလှမြို့နယ်၊ ကျေးရွာများသို့ စီးနင်းဝင်ရောက် လုယက်နေသော အကြမ်းဖက်စစ်တပ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မင်းလှမြို့နယ်၊ ကျေးရွာများသို့ စီးနင်းဝင်ရောက် လုယက်နေသော အကြမ်းဖက်စစ်တပ်။
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article