27.6 C
Yangon

ထိုင်းတွင် တရားမဝင် နေထိုင်မှုဖြင့် ဖမ်းဆီးခံရပြီး ပြန်ပို့ခံရစဉ် စစ်မှုထမ်းအဖြစ် စုဆောင်းခံရသော တပ်သား သစ်များ အပါအဝင် စစ်သားများနှင့်ပျူစောထီး ၁၀ ဦး အလင်းဝင်

Must read

ရန်ကုန်၊ ဇွန် ၂၅

တနင်္သာရီတိုင်း၊ ပလောက်မြို့ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ စစ်မှုထမ်းတပ်သားသစ် ၄ ဦးသေနတ်ယူလာခြင်းမရှိဘဲ အလင်းဝင်ခဲ့ကြောင်း PDF Myeik District Battalion 1 – P23401 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၁၈ ရက်နေ့တွင် ပလောက်မြို့၊ အမှတ် ၁၂ တပ်မတော်တန်းမြင့်လေ့ကျင့်ရေးကျောင်း(တိုင်းဗဟို ၁၂) မှ စစ်မှုထမ်း တပ်သားသစ် ၄ ဦး စစ်မှုထမ်း သေနတ်ယူလာခြင်းမရှိဘဲ ၊ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်း တပ်သား ၄ ဦးသည် စစ်မှုထမ်း အပတ်စဉ် ၁၁ အဖြစ် အကြမ်းဖက်စစ်ကောင်စီ အဓမ္မစုဆောင်းခြင်းခံရသူများဖြစ်ကြောင်းသိရှိရသည်။

“အလင်းဝင်ရောက်လာတဲ့သူတွေက သေနတ်မပါဘူး။ သင်တန်းသားတွေပါ။ ပြေးလာပြီး ကျနော်တို့ ထိန်းချုပ်နယ်မြေကို ရောက်မှ ဒေသခံတွေကတဆင့် ဆက်သွယ်ပေးလာမျိုး။ ၂ ဦးက တနင်္သာရီ ဒေသခံတွေပါ။ သူတို့က ဇာတိကို ပြန်လာပြီးမှ အိမ်မှာ စုဆောင်းရေးတပ်က ဝင်ဖမ်းတာပါ။ ကျန် ၂ ဦးကတော့ ထိုင်းကနေ တိုက်ရိုက်ပြန်ပို့ခံရတုန်း စစ်မှုထမ်း စုဆောင်းခံရတာပါ”ဟု PDF Myeik District Battalion 1 – P23401 မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အလင်းဝင်လာသော စစ်မှုထမ်းတပ်သား ၂ ဦးမှာ ထိုင်းနိုင်ငံတွင် ဗီဇာသက်တန်းကုန်သဖြင့် ဖမ်းဆီးခြင်းခံခဲ့ပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခြင်းခံခဲ့ရကြောင်း၊ ထိုနောက် ၎င်းတို့၏ ဆန္ဒမပါဝင်ဘဲ ပလောက်မြို့ တိုင်းဗဟို ၁၂ သို့ စစ်မှုထမ်း အပတ်စဉ် ၁၁ သင်တန်းသို့ အတင်းအဓမ္မ ပို့ဆောင်ခဲ့ကြောင်း၊ လက်ရှိ အချိန်တွင် အလင်းဝင်ရောက်လာသူများကို ကောင်းမွန်စွာ ဆက်လက်ထိန်းသိမ်းထားရှိပြီး လိုအပ်သည်များကို ဆက်လက်လုပ်ဆောင်ပေးလျက်ရှိကြောင်းသိရှိရသည်။

စစ်မှုထမ်းအဖြစ် အတင်းအဓမ္မစုဆောင်းခြင်းခံရသူများကို မြိတ်ခရိုင်အမှတ် (၁) တပ်ရင်းအနေဖြင့် အကောင်းဆုံး ကူညီ ဆောင်ရွက်နိုင်ရန် နည်းလမ်းမျိုးစုံဖြင့် ကြိုးစားလျက်ရှိကာ၊ လူငယ်များအနေဖြင့်လည်း စစ်ကောင်စီ၏ မတရားဖိနှိပ်မှုအောက်မှ ရုန်းထွက်၍ အတူတကွ တိုက်ပွဲဝင်တော်လှန်ကြရန် တိုက်တွန်းလိုကြောင်း PDF Myeik District Battalion 1 – P23401 က အသိပေးနှိုးဆော်ထားသည်။

အလားတူ မွန်ပြည်နယ်၊ သထုံ စစ်မှုထမ်း သင်တန်းကျောင်းမှ စစ်မှုထမ်း တပ်သားသစ် ၄ ဦးသည် သေနတ်ယူလာခြင်းမရှိဘဲ အလင်ဝင်လာခဲ့ကြောင်း Black Panther Column မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ဇွန်လ ၂၂ရက်နေ့ စစ်မှုထမ်းတပ်သားသစ် ၄ ဦးသည် အတင်းအဓမ္မပေါ်တာဆွဲခံရပြီး အကြမ်းဖက် စစ်ကောင်စီလက်အောက်မှ အကြိမ်ပေါင်းများစွာလွတ်မြောက်အောင်ကြိုးစားပြီး ကျားသစ်နက်စစ်ကြောင်းထံသို့ ချိတ်ဆက်အလင်းဝင်လာခဲ့ကြောင်း သိရှိရသည်။

“သေနတ် မပါပါဘူး။ ပေါ်တာ ဆွဲခံရပြီး စကစ သင်တန်းကျောင်းကနေ ပြေးလာတာပါ။ သထုံဘက်က ပြေးလာတာပါ။ အလင်းဝင်ရောက်လာတဲ့ ၄ ဦးက ဘယ်မြို့နယ်တွေ့လဲဆိုတာက ကျန်ရှိတဲ့ မိသားစု လုံခြုံရေးအရ ဖြေဆိုခွင့် မရှိတာ နားလည်ပေးပါ။ “ဟု Black Panther Column မှ တာဝန်ရှိသူကပြောဆိုသည်။

ထိုအလင်းဝင်ရောက်လာသော စစ်မှုထမ်းတပ်သားသစ် ၄ ဦး အကြမ်းဖက် စစ်ကောင်စီလက်အောက်မှ အကြိမ်ပေါင်းများစွာလွတ်မြောက်အောင်ကြိုးစားပြီး ကျားသစ်နက်စစ်ကြောင်းထံကို ချိတ်ဆက်အလင်းဝင်နိုင်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်အတွင်းရှိ ပျူစောထီး ၂ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း ပကဖ အသံ အဖွဲ့က သတင်းထုတ်ပြန်ထားသည်။

ဇွန်လ ၂၂ ရက်နေ့ ခင်ဦးမြို့နယ်အတွင်းက ပျူစောထီး ၂ ဦးသည် သေနတ် ၁လက်နှင့် ခဲယမ်းများယူဆောင်လာပြီး ခင်ဦးမြို့နယ် ပကဖထံသို့ အလင်းဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရှိရသည်။

ထိုအလင်းဝင်ရောက်လာသော ပျူစောထီး ၂ ဦးသည် M2 ကာဘိုင် – ၁ လက်၊ ကျည်ဘောက် – ၂ ဘောက်၊ ကာဘိုင်ကျည် – ၁၃၁ တောင့်၊ G3 ကျည် – ၅ တောင့်၊ ဖုန်း – ၂ လုံး RedMi10A + RedMi5X၊ Power Bank – ၁ လုံးနဲ့ လက်တော့ – ၁ လုံးတို့ကို ယူဆောင်ပြီး အလင်းဝင်ရောက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article