28.9 C
Yangon

ထန်းတပင်မြို့နယ် တလိုင်းအိုင်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လင်မယား ၂ ဦး ကျည်ထိမှန် သေဆုံး

Must read

ရန်ကုန်၊ ဇွန် ၂၅

ပဲခူးတိုင်း၊ထန်းတပင်မြို့နယ်၊ တလိုင်းအိုင်ကျေးရွာကို အကြမ်းဖက်စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်၍ လင်မယား ၂ ဦး လက်နက်ကြီးကျည် ထိမှန် ပွဲချင်းပြီး သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၄ ရက်နေ့ ည ၁၀ နာရီအချိန် အကြမ်းဖက်စစ်တပ်က တိုက်ပွဲ ဖြစ်ပွားခြင်း မရှိဘဲ လက်နက်ကြီးနှင့် အကြောင်းမဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်း ဖြစ်ကြောင်း ၊ ထန်းတပင်မြို့နယ် ဇရပ်ကြီးအခြေစိုက် ခလရ ၇၃ တပ်က လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်းဖြစ်ကြောင်း၊ ပစ်ခတ်ချိန်တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိကြောင်း သိရှိရသည်။

“သေဆုံးတာက ကိုသန်းနိုင်စိုးနဲ့ ဇနီးပါ။ သူတို့က ထိုင်းကနေ ပြန်သွားတာ သိပ်မကြာသေးဘူး။ တိုက်ပွဲမဖြစ်ပါဘူး။ ခလရ ၇၃ ကနေ လက်နက်ကြီးနဲ့ ပစ်ခတ်တာပါ။ ဒဏ်ရာရသူတွေလည်းရှိတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

လတ်တလော ထန်းတပင်မြို့နယ်အတွင်းတွင် စစ်တပ်နှင့် တော်လှန်ရေးတပ်များအကြား စစ်ရေး တင်းမာနေပြီး စစ်တပ်က လက်နက်ကြီးများဖြင့် ကျေးရွာများသို့ ဦးတည်ပစ်ခတ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လမ်းများကိုပိတ်ဆို့၍ ရိက္ခာ၊စက်သုံးဆီ၊ ဆေးဝါး အပါအဝင် ကုန်ပစ္စည်းများ သယ်ယူခွင့် ပိတ်ပင်ထားခြင်းများ လုပ်ဆောင်နေကြောင်း သိရှိရသည်။

ထန်းတပင်မြို့နယ်အတွင်းရှိ ပြည်သူများမှာလည်း စစ်ဘေးရှောင်နေကြပြီး စားနပ်ရိက္ခာ၊ ဆေးဝါးနှင့် အမိုးအကာများလည်း လိုအပ်ချက်များရှိနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုကြသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article