ဒီကနေ့ ဇွန် ၂၅ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- တရုတ်နိုင်ငံအခြေစိုက် NETA တံဆိပ် EV ကားကုမ္ပဏီ ဒေဝါလီခံမှုကြောင့် မြန်မာ EV ကားဈေးကွက် ကိုပါ ရိုက်ခတ်နေပြီး ဝယ်လိုအားတွေထိုးကျနေသလို အကြမ်းဖက် မင်းအောင်လှိုင်သား နဲ့ သမီးတို့ တင်သွင်းရောင်းချနေနဲ့ EV ကားတွေရဲ့ ဈေးကွက် အခြေအနေလည်း မကောင်းဘူးလို့ ရန်ကုန်မြို့ အခြေစိုက် ကားဈေးကွက်ကျွမ်းကျင်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ရခိုင်ပြည်နယ်မှာ အာရက္ခတပ်တော် AA က နောက်ဆုံး သိမ်းပိုက်ဖို့ ကျန်နေတဲ့ မြို့ ၃ မြို့ထဲက စစ်တွေမြို့နယ်မှာရှိတဲ့ ပါဒလိပ် ကျေးရွာ စစ်တပ်စခန်းအနီးမှာ အကြမ်းဖက် စစ်ကောင်စီတပ်နဲ့ AA တပ်တွေအကြား အပြန်အလှန်ပစ်ခတ်မှုတွေ ရှိလာပြီလို့ စစ်တွေ သတင်းရင်းမြစ်က ပြောပါတယ်။
- ထိုင်းနိုင်ငံမှာ တရားမဝင် နေထိုင်မှုနဲ့ ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ပြန်ပို့ခံရတဲ့အချိန် စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ တနသာ်ရီတိုင်း ပလောက်မြို့နယ် တိုင်းဗဟို ၁၂ က တပ်သားသစ် ၄ ဦးဟာ တော်လှန်ရေးတပ်တွေဆီကို ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
