24.8 C
Yangon

ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာစစ်တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိ

Must read

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ ကျောက်တံခါးမြိုနယ် ဘုရားကြီးကုန်းကျေးရွာတွင် အထိုင်ချတပ်စွဲထားသော အကြမ်းဖက် စစ်တပ် တပ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ရာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အရှင်ဖမ်းမိကြောင်း ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၅ရက်နေ့ နံနက် ၁ နာရီခန့်အချိန် ကျောက်တံခါးမြို့နယ် ဘုရားကြီးကုန်းကျေးရွာတွင် အင်အား ၄၀ ခန့်ဖြင့်အထိုင်ချတပ်စွဲထားသော အကြမ်းဖက်စစ်တပ်စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် ၃၇၀၂ တပ်ရင်းနှင့် KNLA တပ်ရင်း ၉ ပူးပေါင်းအဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း၊ထိုသို့တိုက်ခိုက်ခဲ့ရာတွင် နံနက် ၁ နာရီ ၄၀ မိနစ်အချိန် စခန်းကို အပြီးသတ်တိုက်ခိုက်ချေမှုန်းနိုင်ခဲ့ကြောင်း သိရှိရသည်။

စခန်းသိမ်းတိုက်ပွဲအတွင်း အကြမ်းဖက်စစ်သား ၄ ဦးသေဆုံးခဲ့ပြီး ၂ ဦးကို အရှင်ဖမ်းဆီးရရှိကြောင်း၊ ကျန်ရှိသော အကြမ်းဖက်စစ်ကောင်စီတပ်သားများမှာ စခန်းစွန့်ခွာထွက်ပြေးသွားခဲ့သည့်အတွက် လက်နက်ခဲယမ်းများနှင့် အခြားစစ်သုံး ပစ္စည်းများအား သိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။

“အရှင်ဖမ်းမိတဲ့သူ ၂ ဦးကို လိုအပ်တဲ့ စစ်ဆေးမေးမြန်းမှုတွေလုပ်နေပါတယ်။ ပြီးမှ ကျနော်တို့ စစ်သုံ့ပန်း ဥပဒေအရပဲ ဆက်လက်ဆောင်ရွက်သွားမှာပါ။ပြည်သူတွေကို သတင်းစကားပါးချင်တာက။ တောင်ပိုင်းမှာ စစ်ဆင်ရေးတွေက ပိုတိုးလာဖို့ပဲ ရှိလို့ ပူးပေါင်းပါဝင်ပေးကြဖို့နဲ့ အတတ်နိုင်ဆုံး ထောက်ပို့ပေးကြဖို့ပါ။ အခုချိန်ထိ ကျနော်တို့မှာက လိုအပ်ချက်တွေက ရှိနေတုန်းဆိုတော့ ကျည်ကာတို့ ဦးထုပ်တို့ လက်နက်ခဲယမ်း လိုအပ်ချက်တွေပေါ့ ဒါတွေကလည်း ပြည်သူမှ မထောက်ပံ့ရင်ပြည့်လာမှာမဟုတ်ဖူးဆိုတာလေး ပြောချင်ပါတယ်”ဟု ပဲခူးခရိုင် ၊ အမှတ် – ၂ တပ်ရင်း ၊ P2-3702 မှ တာဝန်ရှိသူတစ်ဦးကပြောဆိုသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ရဲဘော် ၂ ဦးအထိအခိုက်ရှိခဲ့ကာ အကျဆုံးမရှိကြောင်း၊ အကြမ်းဖက် စစ်တပ်စခန်းကို အပြီးသတ်ချေမှုန်းနိုင်ခဲ့ပြီးနောက် ပြန်လည်ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article