29.1 C
Yangon

တောင်ငူမြို့နယ်၊ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နှင့် ၄ မိုင်စစ်ဆေးရေးဂိတ်တို့တွင် ဗိုလ်ကြီးဖြိုးဝေဝင်း၊ ဗိုလ်ကြီး ဇော်မင်းထိုက်နှင့် စစ်အရာရှိများက ပြည်သူများထံမှ မတရား ဆက်ကြေးကောက်ခံငွေတောင်းနေ

Must read

ရန်ကုန်၊ ဇွန် ၂၆

ပဲခူးတိုင်း၊ တောင်ငူမြို့နယ်အတွင်းရှိ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နှင့် ၄ မိုင် စစ်ဆေးရေးဂိတ်တို့တွင် ဗိုလ်ကြီးဖြိုးဝေဝင်း၊ ဗိုလ်ကြီး ဇော်မင်းထိုက်နှင့် စစ်အရာရှိများက ပြည်သူများထံမှ မတရား ဆက်ကြေးကောက်ခံငွေတောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တောင်ငူမြို့၏ လုံခြုံရေးအတွက် စစ်ကောင်စီက မြို့အဝင်အထွက်နှင့် လမ်းများတွင် စစ်ဆေးရေးဂိတ်များ ချထားခဲ့ပြီး ယင်းစစ်ဆေးရေးဂိတ်များတွင် ဗိုလ်ကြီးအဆင့်ရှိ အရာရှိများကို ကြီးကြပ်စေခဲ့ကြောင်း၊ ယခင်က ဂိတ်များကို ဖြတ်သန်းရာတွင် လုံခြုံရေးကိုသာ အဓိက စစ်ဆေးပြီး ငွေကြေးကိုမူ သဒ္ဓါကြေးသာ တောင်းခံခဲ့ကြောင်း၊ သို့ရာတွင် ညောင်လေးပင်၊ ကျောက်ကြီးနှင့် ကျောက်တံခါးတို့ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားလာပြီးနောက် စစ်ကောင်စီက ရိက္ခာသယ်ယူမှုများ၊ ဆေးဝါးသယ်ယူမှုများကို တရားဝင် ကန့်သတ်ပိတ်ပင်လာကြောင်း၊ ယင်းသို့ စစ်တပ်က ပိတ်ပင်သော်လည်း ငွေကြေးပေးလျှင် လွတ်လပ်စွာ ဖြတ်ခွင့်ပြုရာမှ စစ်ဆေးရေးဂိတ်များမှာ စီးပွားဖြစ် ငွေရှာသော နေရာများဖြစ်လာကြောင်း သိရှိရသည်။

လက်ရှိ တောင်ငူမြို့နယ်အတွင်းရှိ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နှင့် ၄ မိုင် စစ်ဆေးရေးဂိတ်တို့တွင် ဖြတ်သန်းသူမှန်သမျှထံမှ ငွေကြေးများ ကောက်ခံနေခြင်းဖြစ်ပြီး အိမ်စီးကား ၁ စီးလျှင် ငွေကျပ် ၅၀၀၀ ကျပ်၊ ကုန်ကားများဆိုလျှင် တင်ဆောင်လာသော ကုန်ပစ္စည်းအပေါ်မူတည်၍ ငွေကျပ် သောင်းဂဏန်းမှ သိန်းအထိ ပေးဆောင်နေရကြောင်း သိရှိရသည်။

“တောင်ငူက ခပေါင်းဂိတ်၊စစ်တောင်းတံတားဂိတ်၊ ၄ မိုင်ဂိတ်တွေမှာ ငွေမတရားကို တောင်းတာ။ မပါလို့ပါ မရှိလို့ပါဆိုရင်လည်း မပေးနိုင်ရင် မဖြတ်နဲ့ ဆိုပြီး ငေါက်တယ်။ ဂိတ်တွေမှာ ငွေတွေကို ပုံးကြီးတွေနဲ့ လာသမျှ တောင်း ပစ်ထည့်ထားတာ။ တကယ့်ကို စီးပွားဖြစ်လုပ်ကြတာ။ ဂိတ်မှာ ဗိုလ်ကြီးတွေ က ဦးစီးတယ်” ဟု ဒေသသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

တောင်ငူမြို့၊ ခပေါင်းတံတားစစ်ဆေးရေးဂိတ်တွင် အမှတ် ၁၀ ဆက်သွယ်ရေးတပ်မှ ဗိုလ်ကြီး ဖြိုးဝေဝင်း၊ ၄ မိုင် စစ်ဆေးရေးဂိတ်တွင် တိုက်ပွဲဝင်စည်းရုံးရေးတပ်မှ ဗိုလ်ကြီးအဆင့်ရှိသူနှင့် စစ်တောင်းတံတားဂိတ်စစ်ဆေးရေးဂိတ်တို့တွင် တည်းခိုရေးတပ်မှ ဗိုလ်ကြီး ဇော်မင်းထိုက်တာဝန်ကျ ဦးစီး ငွေကြေးတောင်းခံနေခြင်းဖြစ်ကြောင်း သိရှိရသည်။

စစ်ဆေးရေးဂိတ်များတွင် ငွေကြေးကောက်ခံရာတွင် အနည်းဆုံး အိမ်စီးကား ၁စီးလျှင် ငွေကျပ် ၅၀၀၀ ကျပ်၊ ဆန်အိတ်သယ်ဆောင်မည်ဆိုပါက ဆန်အိတ် အနည်းငယ်သာပါ ကား ၁ စီးလျှင် ငွေကျပ် ၁၀၀၀၀ နှုန်း၊ ဆန်အိတ်များလျှင် ငွေကျပ် ၇၀၀၀၀ မှ ၁ သိန်းအထိလည်းကောင်း၊ ဒူးရင်းသီးများ သယ်ယူပို့ဆောင်ပါက ငွေကျပ် သောင်းချီ ပေးရသည့်အပြင် ဗိုလ်ကြီးစားရန် ဒူးရင်းသီးဟုဆိုကာ သယ်ဆောင်လာသော ဒူးရင်းသီးကိုပါ ခြိမ်းခြောက် တောင်းယူကြောင်း သိရှိရသည်။

စစ်တပ် စစ်ဆေးရေးဂိတ်များတွင် ငွေကြေးတောင်းခံမှုများအတွက် ဒေသပြည်သူများက သက်ဆိုင်ရာ စစ်ကောင်စီထံသို့ စာပေးပို့တိုင်ကြးသော်လည်း တစ်စုံတစ်ရာ အရေးယူမှုမရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – တောင်ငူမြို့နယ် အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

တောင်ငူမြို့နယ် အတွင်းရှိ စစ်ဆေးရေးဂိတ်တစ်ခု
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article