29.1 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၆ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၆ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ရန်ကုန်-မန္တလေးလမ်းဟောင်းမှာ မြို့တွေပေါ်မှာပဲ စစ်တပ်က စိုးမိုးနိုင်တော့ပြီး ကျန်တဲ့ နေရာအများစုကို တော်လှန်ရေးတပ်တွေကသာ ထိန်းချုပ်ထားပြီးတော့ ရန်ကုန်နဲ့အနီးဆုံးကို တရွေ့ရွေ့ဦးတည်လာနေတဲ့အတွက် အကြမ်းဖက် စစ်ကောင်စီက ရန်ကုန် နဲ့ ပဲခူးကို ကာကွယ်ဖို့ဆိုပြီး မိုဘိုင်း အရပ်တပ်ဖွဲ့တွေ အရေးပေါ် ဖွဲ့စည်းနေပြန်တယ်လို့ NUG တောင်ပိုင်းစစ်ဒေသ PDF ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ပဲခူးတိုင်း၊ ကျောက်တံခါးမြိုနယ်က ဘုရားကြီးကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးပူးပေါင်းတပ်တွေက ဝင်ရေက်တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၄ ဦးကတော့ အသီးသီး သေကုန်ကြတဲ့အပြင် ၊ နောက်ထပ် စစ်သား ၂ ဦးကို အရှင်ဖမ်းဆီးရမိထားပြီး လက်နက်ခဲယမ်းအချို့ ကိုပါ သိမ်းဆည်းရရှိခဲ့တယ်လို့ ပဲခူးခရိုင် ၊ အမှတ် – ၂ PDF တပ်ရင်း ရဲ့ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • TNLA သိမ်းပိုက်ထားတဲ့ နောင်ချိုမြို့နယ်သိမ်းပိုက်မယ်ဆိုပြီး စစ်ကြောင်းထိုးလာလိုက် အထိနာပြီး ပြန်ဆုတ်သွားလိုက် လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်က အခုတစ်ခါလည်း လေကြောင်းပစ်ကူ လက်နက်ကြီးပစ်ကူတွေနဲ့ အပြင်းအထန် ထိုးစစ်ဆင်လာပြန်တဲ့အတွက် တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွားနေတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article