By ရန်ကုန်ခေတ်သစ်
ဒီကနေ့ ဇွန် ၂၆ ရက် ညနေပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံမှာ အဆောက်အအုံတွေ တည်ဆောက်မယ်ဆိုရင် ငလျင်ပြင်းအား ၈ အဆင့်ကို ခံနိုင်ရမယ်ဆိုတဲ့ အကြမ်းဖက် မင်းအောင်လှိုင်ရဲ့ ညွှန် ကြားချက်ကြောင့် ရန်ကုန်မြို့က ဆောက်ရေး လုပ်ငန်း အများစု ရပ်ဆိုင်းထားရပြီး ၊ စည်ပင်အတွက် လုပ်စားဂွင်ကြီးဖြစ်နေတယ်လို့ ရန်ကုန်မြို့ ဆောက်လုပ်ရေးလုပ်ငန်းရှင်တချို့က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်း ဖြူးမြို့နယ်က အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဇေယျဝတီမြို့ရဲစခန်း အပါအဝင် စစ်တပ် နေရာ ၆ ခုကို တော်လှန်ရေးတပ်တွေက တစ်ပြိုင်နက်တည်း စီးနင်းတိုက် ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်သား ၄ ဦးကတော့အသီးသီး သေကုန်ကြသလို ရဲစခန်းထဲက တပ်သားတွေအကုန်လုံး ထွက်ပြေး သွားကြပြီး သေနတ် ၁ လက်လည်း သိမ်းဆည်းရရှိခဲ့သေးတယ်လို့ ဖြူးမြို့နယ် ပကဖက ပြောပါတယ်။
- ပဲခူးတိုင်းတောင်ငူမြို့နယ်မှာရှိတဲ့ ခပေါင်းဂိတ်၊ စစ်တောင်းတံတားဂိတ်နဲ့ ၄ မိုင်စစ်ဆေးရေးဂိတ်တွေမှာ အကြမ်းဖက် စစ်ကောင်စီတပ်ရဲ့ ဗိုလ်ကြီးဖြိုးဝေဝင်း ၊ဗိုလ်ကြီး ဇော်မင်းထိုက် နဲ့ စစ်အရာရှိတွေ ဦးဆောင် ပြီး ပြည်သူတွေဆီကနေ မတရား ငွေညှစ် တောင်းယမ်းပြီး ဆက်ကြေးကောက်နေကြတဲ့ သတင်းအပါအဝင် နောက်ဆုံးရသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
