26.6 C
Yangon

မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦး အိုးဘိုထောင်တွင် ကွယ်လွန်သွားပြီး ရုပ်အလောင်းကို စစ်ကောင်စီက မိသားစုထံသို့ ပြန်မပေး

Must read

ရန်ကုန်၊ ဇွန် ၂၇

မန္တလေး အိုးဘိုထောင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ မတရား ဖမ်းဆီးထောင်ချခြင်း ခံရသည့် မန္တလေးတိုင်း လွှတ်တော် ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးသည် ယနေ့ ဇွန်လ ၂၇ ရက်နေ့တွင် အိုးဘိုထောင် ဆေးရုံတွင် ကျဆုံးသွားကြောင်း NLD ဗဟိုအလုပ်ကော်မတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းမြင့်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။

ဇွန်လ ၂၇ ရက်နေ့ နံနက် ၇ နာရီဝန်းကျင်တွင် ရုတ်တရက် အမောဖောက်ကာ ကျဆုံးသွားခြင်း ဖြစ်ကြောင်း သိရှိရသည်။

“မန္တလေးတိုင်း လွှတ်တော် ဥက္ကဌ ဦးအောင်ကျော်ဦး အိုးဘိုထောင် ဆေးရုံမှာကျဆုံးသွားပါတယ် ။ Dead body အိမ်ပြန်သယ်ခွင့် ထောင်က မပေးဘူးလို့ သိရပါတယ်။လောလောဆယ်တော့အဲဒီလောက်ပဲ ပြောလို့ရပါမယ်” ဟု NLD ဗဟိုအလုပ်ကော်မတီ အဖွဲ့ဝင် ဦးထွန်းမြင့်က ပြောကြားသည်။

မန္တလေးတိုင်းလွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးကို အကြမ်းဖက်စစ်ကောင်စီက နိုင်ငံဆူပူအောင်လှုံ့ဆော်မှု ရာဇသတ်ကြီးပုဒ်မ ၅၀၅(က) ဖြင့် ထောင်ဒဏ် ၃ နှစ် ၊ ကိုဗစ်စည်းကမ်း ချိုးဖောက်မှုဟုဆိုကာ သဘာဝဘေးပုဒ်မ ၂၅ ဖြင့် ထောင်ဒဏ် ၂ နှစ် စုစုပေါင်း ၅ နှစ်ချခဲ့ခြင်း ဖြစ်‌‌ပြီး လွတ်ရက်စေ့ခါနီးတွင် ကွယ်လွန်သွားခြင်းဖြစ်သည်။

ဦးအောင်ကျော်ဦးသည် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD ၏ ပုသိမ်ကြီးမြို့နယ်တွင် မန္တလေးတိုင်းလွှတ်တော်ကိုယ်စားလှယ်အဖြစ် အနိုင်ရရှိခဲ့ပြီး ၂၀၂၀ ပြည့်နှစ်ရွေးကောက်ပွဲတွင်လည်း ထပ်မံအနိုင်ရရှိခဲ့သူဖြစ်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article