26.6 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၂၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၂၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • အကြမ်းဖက် မင်းအောင်လှိုင်က သူတို့ရဲ့ အတုအယောင် ရွေးကောက်ပွဲကို ကျင်းပနိုင်ရေးအတွက် စစ်တပ်က ဆုံးရှုံးထားတဲ့ မြို့နယ်တွေထဲက မြို့ပေါ်ဧရိယာတွေကို အဓိကထားပြီး ဖြစ်နိုင်သမျှ အမြန်ဆုံး ပြန်လည် တိုက်ခိုက်သိမ်းပိုက်ဖို့ ညွှန်ကြားထားပြန်တယ်လို့ နေပြည်တော် စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • ကချင်ပြည်နယ် ဖားကန့်မြို့နယ်က အမှိုက်ပုံကျေးရွာအနီး စစ်ကြောင်းထိုးဖို့လုပ်နေတဲ့ အကြမ်းဖက် စစ်ကောင်စီ တပ်ကို KIA-PDF ပူးပေါင်းတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်ခြေမှုန်းနေရာမှာ တိုက်ပွဲ ပြင်းထန်နေပြီး စစ်ကောင်စီဘက်က သေတဲ့သူတွေ ဒဏ်ရာရတဲ့သူတွေ တော်တော်ကို များနေပြီး စစ်တပ် စစ်ကြောင်းဟာ ရှေ့ဆက်တိုးလို့မရပဲဖြစ်နေတယ်လို့ KIA စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မကွေးတိုင်း ၊ ပခုက္ကူ မြို့နယ် ၊ ကံမ္မမြို့အတွင်းမှာ ပြည်သူပိုင်ပစ္စည်းတွေကို လိုက်လံခိုးယူနေတဲ့ အကြမ်းဖက် စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးတပ်တွေက အလစ်အငိုက်တိုက်ခိုက်ရာမှာ စစ်ကောင်စီတပ်သား ၇ ဦးကတော့ အသီးသီး သေကုန်ကြပြီးနောက် အဲဒီစစ်သားမသာအလောင်းတွေနဲ့ ဒဏ်ရာရတဲ့သူတွေကို ပေါက်မြို့ နယ်ဘက် အသည်းအသန် သယ်သွားကြတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်တွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article