26.4 C
Yangon

ပခုက္ကူမှ ပေါက်မြို့သို့ စစ်အင်အား ၁၀၀၀ ကျော်ဖြင့် ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်း က ကျေးရွာများကို မီးရှို့ဖျက်ဆီးလုယက်နေ

Must read

ရန်ကုန်၊ ဇွန် ၂၇

မကွေးတိုင်း၊ ပခုက္ကူမှ ပေါက်မြို့သို့ စစ်အင်အား ၁၀၀၀ ကျော်ဖြင့် ရိက္ခာပို့လာသော စစ်တပ်စစ်ကြောင်း က ကျေးရွာများကို မီးရှို့ဖျက်ဆီးလုယက်နေကြောင်း People’s Democratic Army – PDA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယခုဇွန်လဆန်းပိုင်းမှ စတင်ပြီး ပခုက္ကူ တပ်မ ၁၀၁ မှ ထွက်​လာ​သော အကြမ်းဖက် စစ်တပ်၏ အင်အား ၁၀၀၀ ကျော်ပါ ရိက္ခာပို့ ယာဉ်တန်းက ပခုက္ကူမြို့မှ ​ပေါက်မြို့သို့ ဦးတည်​ရွေ့လျား​နေပြီး လမ်းတ​လျှောက် ​ကျေးရွာများကို စစ်​ကြောင်းထိုးကာ ပြည်သူပိုင်ပစ္စည်းများကို ခိုးယူ လုယက်မှုများ ပြုလုပ်လျက်ရှိ​ပြီး ပြည်သူတချို့ကိုလည်း လူသားဒိုင်း အဖြစ် ဖမ်းဆီးထားကြောင်း သိရသည်။

လက်ရှိအချိန် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ကမ္မမြို့​ပေါ်နှင့် အနီးရှိ​ကျေးရွာများသို့ ဝင်​ရောက်ကာ ​နေအိမ်များအတွင်းမှ ပြည်သူပိုင် ပစ္စည်းများကို စိတ်ကြိုက်ခိုးယူလျက်ရှိကြောင်း သိရှိရသည်။

​ပေါက်မြို့သို့ ဦးတည်လျက်ရှိကာ စစ်ကြောင်းတွင် ကားအစီး​ရေ ၁၄၀ ​ကျော်နှင့် စစ်ကောင်စီ တပ်သား လူအင်အား ၁၀၀၀ ​ကျော် ပါဝင်ကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ် က ပြည်သူ့ ဒီမိုကရက်တစ်တပ်​တော် အမှတ် ၂၁၉ စစ်​ဒေသခွဲ၏ တပ်စခန်း အပါအဝင် စခန်း ၅ ခုကိုလည်း မီးရှို့ဖျက်ဆီးခဲ့ပြီး စစ်လက်နက်ပစ္စည်းများ ဆုံးရှုံးမှု မရှိ​သော်လည်း ပြည်သူများမှ လှူဒါန်းထား​သော ရိက္ခာများ ကာလ တန်ဖိုး သိန်း ၁၀၀ နီးပါးခန့် ပျက်ဆီးဆုံးရှုံးခဲ့ကြောင်း သိရသည်။

“ခွေးစစ်ကြောင်းက သူတို့ ဖြတ်သန်းသွားတဲ့ လမ်းတစ်လျှောက်က ရွာတွေကို ဆက်တိုက် ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းတွေကို စိတ်ကြိုက် ခိုးယူနေတာ ဖမ်းခံရတဲ့ ရွာသူရွာသား​တွေကို​တော့ သူတို့အထိုင်ချတဲ့​ နေရာ​တွေဆီ ​ခေါ်ထားတယ်။ ဘယ်နှဦး ဖမ်းဆီးခံရလည်းဆိုတာတော့ အတည်မပြုနိုင်သေးဘူး။ ရွာ​​တွေ​ကိုတော့ မီးရှို့တာတော့ ​မရှိသေးဘူး။ အနီးနားက တော်လှန်ရေး တပ်ဖွဲ့တွေရဲ့ စခန်း ၅ ခု​တော့ မီးရှို့ခံလိုက်ရတယ်။ ကျ​နော်တို့စခန်း အပါအဝင်ပါ” ဟု People’s Democratic Army – PDA အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

ဇွန်လ ၂၃ ရက်နေ့မှစတင်၍ ညောင်ဦးမြို့နယ်အတွင်းတွင် စစ်တပ်က စစ်ကြောင်း ၂ ခု ခွဲ၍ ကျေးရွာများသို့ ဦး တည် ပစ်ခတ်တိုက်ခိုက်မှုများ လုပ်ဆောင်လာကြောင်း၊ တောင်ဇင်းရဲစခန်းမှ စစ်တပ်စစ်ကြောင်း ၁ ခု၊ ညောင်ဦးမြို့မှ သံချပ်ကာကားများ ပါဝင်သော စစ်ကြောင်း ၁ ခု စုစုပေါင်း စစ်ကြောင်း ၂ ခုဖြင့် ကျေးရွာများသို့ ဦးတည် ပစ်ခတ်တိုက်ခိုက် မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လာကြောင်း ၊ ဇွန်လ ၂၃ ရက်နေ့ ညောင်ဦးမြို့နယ်တွင် ကျေးရွာများသို့ စစ်ကြောင်းထိုးလာသော အင်အား ၈၀ ပါ စစ်ကောင်စီစစ်ကြောင်းနှင့် တော်လှန်ရေးတပ်ဖွဲ့တပ်များအကြား အနောက်အုံရွာနှင့် ဇီးဖြူပင်ရွာအကြား ၁၅ မိနစ်ခန့် ထိတွေ့ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်းPeople’s Democratic Army-PDAက ပြောဆိုသည်။

ဇွန်လ ၂၄ ရက်နေ့ စစ်တပ်က ညောင်ဦးမြို့နယ်အတွင်း အိမ်ခြေ ၁၀၀ ကျော်ရှိသော စျေးမကြီးကျေးရွာသို့ ဝင်ရောက် မီးရှို့ဖျက်ဆီးသွားခဲ့ကြောင်း၊ ကျေးရွာမှ ပြည်သူများမှာ အချိန် မီ စစ်ဘေးရှောင်နေသဖြင့် ဖမ်းဆီးခံရခြင်း မရှိကြောင်း ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

စစ်တပ်က စစ်ကြောင်းထိုးနေသဖြင့် ညောင်ဦးမြို့နယ်၊ စျေးမကြီးကျေးရွာ၊ ဇီးပြင်ပင်၊ ယာတောကြီး၊ မြောင်၊ ဂျိုးကန်၊ ကျောက်ကန် အပါအဝင် ရွာပေါင်း ၂၀ နီးပါးမှ ပြည်သူ ၁ သောင်းနီးပါး စစ်ဘေးရှောင်နေရကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article