26.8 C
Yangon

သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိ

Must read

ရန်ကုန်၊ ဇွန် ၂၇

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ်၊ မင်းဒပ်ရွာ ဘုန်းကြီးကျောင်းတွင် အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဝင်ရောက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း KNU – Mergui-Tavoy District က ထုတ်ပြန်ထားသည်။

ဇွန်လ ၂၆ ရက်နေ့ ဇွန်လ ၂၆ ရက်‌နေ့ မွန်းလွဲ ၁ နာရီခန့်တွင် မင်းဒပ်ရွာ ဘုန်းကြီးကျောင်း၌ အထိုင်ချ တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို KNLA တပ်ရင်း (၁၂) လက်အောက်ခံ တပ်ခွဲ(၂)နှင့် တော်လှန် ရေးပူး‌ပေါင်းတပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ယင်းတိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးကာ စစ်အသုံးအဆောင်ပစ္စည်းများကိုလည်း သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

ထိုသို့ ဝင်ရောက် တိုက်ခိုက်ပြီးနောက် ညနေ ၃ နာရီခန့်တွင် မင်းဒပ်ရွာကို KNLA တပ်ခွဲ(၂) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့က ပြန်လည်ထိန်းချုပ်နိုင်ခဲ့ပြီး မင်းဒပ်ရွာကို တပ်စွဲထားသော စစ်ကောင်စီတပ်သားများသည် ဝင်းဝတပ်စခန်းသို့ ပြန်လည်ဆုတ်ခွာသွားကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article