29 C
Yangon

ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံး၊ စစ်တပ်၏ ပစ်ခတ်မှုကြောင့် ပြည်သူ ၄ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇွန် ၃၀

ပဲခူးတိုင်း၊ ဖြူးမြို့နယ်၊ အုတ်ဖြတ်လမ်း၊ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တိုက်ခိုက်သိမ်းပိုက်မှု စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၂၉ ရက်နေ့ နံနက် ၂ နာရီ ၃၀ မိနစ်အချိန်မှစတင်၍ ဝဲဒေါင့်ရွာရှိ စစ်တပ်ကင်းစခန်းကို တော်လှန် ရေးတပ်များက စတင်တိုက်ခိုက်ခဲ့ကြောင်း၊ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်တွင် အဆိုပါ စစ်တပ်ကင်းစခန်းကို အပြီး သတ်တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး စခန်းကို မီးတင်ရှို့ ရှင်းလင်းလိုက်ကြောင်း၊ အဆိုပါတိုက်ပွဲတွင် စစ်တပ်ဘက်မှ ၁၀ ဦးသေဆုံးပြီး အလောင်း ၅ လောင်းကို ရရှိခဲ့ကြောင်း သိရှိရသည်။

“အဲ့ဒီစစ်တပ်စခန်းနေရာက စစ်ကောင်စီက ဂိတ်စခန်းဖွင့်ပြီး ပြည်သူကို ဒုက္ခပေးနေတာ။ အဲဒါကြောင့် တိုက်ခိုက်တာ။ စခန်းကို သိမ်းပိုက်ပြီးတော့ ရှင်းလင်းရေး လုပ်ပြီး ပြန်လည် ဆုတ်ခွာခဲ့ပါတယ်။ ရန်သူ့အလောင်း ၁၀ လောင်းမှာ ၅ လောင်းကတော့ မျက်မြင်ရရှိပါတယ်” ဟု ပြည်သူ့ကာကွယ်ရေးတပ်မတော်မှ စစ်ရေးသတင်းရင်းမြစ်က ရှင်းလင်းပြောဆိုသည်။

ဖြူးမြို့နယ်၊ ဝဲဒေါင့်ရွာ စစ်တပ်ကင်းစခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စစ်ကောင်စီက လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးများ ပစ်ခတ်ခြင်းများလုပ်ဆောင်ခဲ့ရာ ဝဲကြီးရွာနှင့် ဝဲထောင့်ရွာတို့မှ ပြည်သူ ၄ ဦးသေဆုံးခဲ့ကြောင်း ၊ ပြည်သူအများအပြားလည်း ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အဆိုပါစစ်ဆင်ရေးကို ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ဗျူဟာ ၂၄ ၊ ဧရာဝတီစစ်ကြောင်း၊ ဟင်္သတခရိုင် အမှတ် ၂ တပ်ရင်း၊ ဖြူးမြို့နယ် ပကဖနှင့် ရန်ကုန်တိုင်းပကဖ အပါအဝင် တော်လှန်ရေးမဟာမိတ်တပ်များက စုပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

ဓာတ်ပုံ – ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်ရှိ စစ်တပ်၏ သပြေညွန့်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

ပဲခူးတိုင်းနှင့် ကရင်ပြည်နယ်အစပ်ရှိ စစ်တပ်၏ သပြေညွန့်တပ်စခန်းကို တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်စဉ် သေဆုံးခဲ့ကြသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များ။ (ပုံအဟောင်းဖြစ်ပါသည်။)
- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article