29.5 C
Yangon

Khit Thit သတင်းဌာန၏ ဇွန် ၃၀ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

Must read

By ရန်ကုန်ခေတ်သစ်

ဒီကနေ့ ဇွန် ၃၀ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့

  • ပဲခူးတိုင်းက မင်းလှမြို့နယ်တိုက်ပွဲတွေမှာ အကြမ်းဖက် စစ်ကောင်စီဘက်က ဒုဗိုလ်မှူးကြီးတွေ အပါအဝင် အရာရှိအကြီးပိုင်း ၄ ဦး အသီးသီး သေကုန်ကြပြီးတဲ့နောက် စစ်ကောင်စီက သူ့လက်အောက်ခံ တပ်မ ၆၆ တပ်တွေကို မင်းလှဘက် စေလွှတ်ပြီး စစ်ဆင်ရေးလုပ်ခိုင်းနေပြန်သလို နိုင်နိုင်နင်းနင်း မကိုင်တွယ်နိုင်ရင် အရာရှိတွေကို ရာထူးကနေ ဖြုတ်ပစ်မယ်ဆိုပြီးတော့ပါ ခြိမ်းခြောက်ထားတယ်လို့ စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • စစ်ကိုင်းတိုင်း ၊ မုံရွာမြို့က အကြမ်းဖက် စစ်ကောင်စီရဲ့ အနောက်မြောက်တိုင်း စစ်ဌာနချုပ်ကို တော်လှန်ရေးပူးပေါင်းတပ်တွေက ရော့ကတ်ဒုံးတွေနဲ့ တရဆက် ပစ်ခတ် တိုက်ခိုက်မှုအတွင်း စစ်ကောင်စီ ဘက်က ထိခိုက်သေဆုံးမှုတွေ များထာပြီး သူတို့ရဲ့ ဆီဂိုဒေါင်၊ စခန်းရုံး နဲ့ ရိက္ခာ ဂိုဒေါင် တွေလည်း မီးလောင်ပေါက်ကွဲထားတယ်လို့ ချင်းတွင်း Rocket Brother တပ်ဖွဲ့ရဲ့ တာဝန်ရှိသူ ၁ ဦးက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
  • မန္တလေးမြို့မှာ ပေါ်တာဆွဲဖမ်းဆီး ခံရပြီးနောက် အကြမ်းဖက် စစ်ကောင်စီတပ်ကို ငွေကျပ်သိန်း ၁၅၀ ပေးခဲ့ရတာတောင် စစ်မှုထမ်းအဖြစ် စုဆောင်းခံရတဲ့ တပ်သားသစ် ရဲရင့်ခန့်ညား ဆိုသူဟာ ရှေ့တန်း အရောက်မှာ တော်လှန်ရေးတပ်တွေဆီ ထွက်ပြေးလာပြီး အလင်းဝင်ရောက်လာတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article