ရန်ကုန်၊ ဇွန် ၃၀
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ဇီးကုန်းမြို့အနီးတွင် စစ်ကောင်စီတပ်သား ၆ ဦးပစ်ခတ်သတ်ခံရပြီး နောက် စစ်ကောင်စီတပ်က ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း ထန်းကုန်းတိုက်နယ် ပကဖတာဝန်ခံ ကိုငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
ယနေ့ ဇွန်လ ၃၀ ရက်နေ့ နံနက် ၆ နာရီခွဲခန့်တွင် ကန့်ဘလူမြို့နယ်၊ မူးဆုံကင်းစခန်းမှ စစ်ကောင်စီ တပ်သား ၆ ဦးသည် ဇီးကုန်းရဲစခန်းဘက်သို့ ဆိုင်ကယ်ဖြင့်ထွက်လာစဉ် စခန်းနှင့်မီတာ ၁၅၀၀ အကွာ၌ တော်လှန်ရေး တပ်ဖွဲ့များက စောင့်ကြို တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ယင်း တိုက်ခိုက်မှု အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သား ၆ ဦးလုံး သေဆုံးပြီး လက်နက်ကြီး ပစ်ကူ၊ စစ်ကူများ အလုံးအရင်း ရောက်ရှိလာသောကြောင့် လက်နက် ကောက်ယူနိုင်ခြင်းမရှိဘဲ တော်လှန်ရေး ရဲဘော်များ ပြန်လည် ဆုတ်ခွာခဲ့ကြောင်း သိရှိရသည်။
“မူးဆုံကင်းအထိုင်စခန်းက နေဇီးကုန်းရဲစခန်းဘက်ကိုက ဆိုင်ကယ် ၃ စီးနဲ့ နေထွက်လာတဲ့ စစ် ကောင်စီတပ်ဖွဲ့ဝင် ၆ ဦးကို ကျနော်တို့ ပူး ပေါင်းအဖွဲ့က ဝင်ရောက်ပစ်ခတ်ခဲ့တာ။ လက်နက်ပစ်ခတ် သံကြားရပြီးတော့ ဇီးကုန်းအထိုင်းစခန်းနဲ့ မူးဆုံအထိုင်စခန်းကပါ လက်နက်ကြီး လက်နက်ငယ် တွေ ပစ်ကူပြီး အင်အားအလုံးအရင်းနဲ့ ကျနော်တို့ရှိရာကို စစ်ကူလာကြတယ်။ အဲတာကြောင့် လက်နက် တောင် မကောက်နိုင်ခဲ့ဘူး။” ထန်းကုန်းတိုက်နယ် ပကဖတာဝန်ခံ ကိုငယ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။
အဆိုပါ တိုက်ခိုက်မှုကို Kantbalu Counter Revolution Army (KBU-CRA) အဖွဲ့မှ ဦးဆောင်ကာ Kantbalu Htaw Gyi ပကဖ၊ Kantbalu လျှပ်ပြေး ပကဖနှင့် Kantbalu တောသား ပကဖ မဟာမိတ် အဖွဲ့များ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
ထိုသို့ တိုက်ခိုက်ခံရပြီးနောက် ဇီးကုန်းမြို့ရဲစခန်းနှင့် မူးဆုံကင်းစခန်းရှိ စစ်ကောင်စီတပ်သားများက အင်အားအလုံးအရင်းဖြင့် ဇီးကုန်းမြို့၊ ရန်ကြီးအောင် ကွက်သစ်ရှိ ပြည်သူ့နေအိမ်များကို မီးရှို့ဖျက်ဆီး လျက်ရှိကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
