ရန်ကုန်၊ ဇွန် ၃၀
ပဲခူးတိုင်း၊ လယ်ဒိုမြို့နယ်အတွင်း ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အသက် ၂ နှစ် အရွယ် ကလေးငယ် ၂ ဦး အပါအဝင် ပြည်သူ ၅ ဦး ထိခိုက် ဒဏ်ရာရပြီး နေအိမ် ၉ လုံး ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန် ထားသည်။
ဇွန်လ ၂၈ ရက်နေ့ မွန်းလွဲ ၁ နာရီ ၂၂ မိနစ်ခန့်တွင် လယ်ဒိုမြို့နယ် အတွင်း ဟင်္သာဝဲကျေးရွာအတွင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင်း သိရသည်။
အကြမ်းဖက် စစ်တပ်၏ လေကြောင်း တိုက်ခိုက်မှုအတွင်း ဟင်္သာဝဲကျေးရွာအတွင်း နေထိုင်သော အသက် ၂၂ နှစ်အရွယ် ကိုချစ်တုံး ၊ အသက် ၃၆ နှစ် အရွယ် နော်ဒေါင်းရွှေ ၊ အသက် ၂ နှစ်အရွယ် နော်လှအယ်ဖော ၊ အသက် ၁၂ နှစ်အရွယ် ဝါဆိုဦးနှင့် အသက် ၂ နှစ် အရွယ် စောဒီထူး တို့ ၅ ဦး ထိခိုက်ဒဏ်ရာ ရရှိကာ နေအိမ် ၉ လုံး ထိခိုက် ပျက်စီးခဲ့ကြောင်း သိရှိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar











