25 C
Yangon

မင်းလှမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေ၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ်များ ပျက်စီး

Must read

ရန်ကုန်၊ ဇူလိုင် ၂

ပဲခူးတိုင်း၊ မင်းလှမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇူလိုင်လ ၂ ရက်နေ့ နံနက် ၁၁ နာရီခန့်တွင် မင်းလှမြို့နယ်၊ ဇရစ်မျှောင်ရွာကို ချီပါတောင်ဘုန်းကြီးကျောင်းတွင် တပ်ဆွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ဝင်ရောက်စီးနင်း မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ယနေ့ နံနက် ၁၁ နာရီ ၂၀ မိနစ်ခန့်တွင်လည်း အဆိုပါ အကြမ်းဖက် စစ်ကောင်စီ တပ်သားများက ရွှေပေါက်ပင်ရွာကို ထပ်မံ ဝင်ရောက် စီးနင်းပြီး နေအိမ်များကို မီးရှို့ဖျက်ဆီးနေကြောင်း သိရှိရသည်။

“မင်းလှမြို့နယ် ဇရစ်မျှောင်ရွာနဲ့ ရွှေပေါက်ပင်ရွာကို အကြမ်းဖက် စစ်တပ်က ဒီနေ့ နံနက်ပိုင်းမှာ မီးရှို့နေတာ ပြည်သူတွေလည်း ထွက်ပြေးတိမ်းရှောင်နေရတယ်။ မီးမလောင်ဘဲ ကျန်နေတဲ့ အိမ်တွေကို ထပ်ရှို့နေတာ ချီပါတောင်ဘုန်းကြီးကျောင်းမှာ တပ်ဆွဲထားတဲ့​ စခတွေက မီးတင်ရှို့နေတာ” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

ထို့ပြင် မန္တလေးတိုင်း၊ နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် အဘွားအို ၂ ဦး ထိခိုက်ဒဏ်ရာရပြီး နေအိမ် ၉ လုံးပျက်စီးခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၂၉ ရက်နေ့တွင် နွားထိုးကြီးမြို့နယ်ရှိ ကျေးရွာ ၂ ရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ အကြမ်းဖက် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အတွင်း အသက် ၈၀ နှစ် အရွယ် အဘွားအို ၁ ဦး ခြေပြတ်ပြီး အသက် ၆၇ နှစ်အရွယ် အဘွားအို ၁ ဦးလည်း လည်ပင်းနှင့် ဗိုက် တို့တွင် ပြင်းထန် ဒဏ်ရာရရှိခဲ့ကြောင်း၊ ထို့ပြင် နေအိမ် ၉ လုံးလည်း ပျက်စီးခဲ့ကြောင်း သိရှိရသည်။

“စစ်တပ်က လေကြောင်းကနေ ရွာ ၂ ရွာကို ဗုံးကျဲသွားတာ အဘွားအို ၂ ဦး ပြင်းထန်ဒဏ်ရာရတယ်။ နောက်ပြီး နေအိမ် ၉ လုံးလည်း ပျက်စီးသွားတယ်” ဟု ဒေသတွင်း သတင်းရင်းမြစ်က ပြောဆိုသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

LEAVE A REPLY

Please enter your comment!
Please enter your name here

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article