ဒီကနေ့ ဇူလိုင် ၃ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့
- မြန်မာနိုင်ငံရဲ့ စီးပွားရေးဟာ အနုတ်လက္ခဏာကို ကျဆင်းမယ်လို့ ကမ္ဘာ့ဘဏ်ရဲ့ ခန့်မှန်းချက် အချက်အလက်တွေက မှန်ကန်မှုနဲ့ ပြည့်စုံမှု မရှိဘူးဆိုပြီး အကြမ်းဖက် မင်းအောင်လှိုင်ကိုယ်တိုင် တုံ့ပြန်ပြောဆိုလာပြန်ပါတယ်။
- မန္တလေးတိုင်းက တံတားဦးမြို့အနီးကို ဗဟိုပြုပြီး ဒီကနေ့ ဇူလိုင်လ ၃ ရက်နေ့ မနက်ပိုင်းမှာ ပြင်းအား ၄ ဒသမ ၈ အဆင့်ရှိတဲ့ ငလျင် ထပ်မံလှုပ်ခတ်သွားပြန်သလို မန္တလေးပြည်သူတွေပါ လမ်းပေါ် ပြေးထွက်ရတဲ့အထိ ထိတ်လန့် ခဲ့ရသလို ၊ စစ်ကိုင်း၊ မြင်းခြံ နဲ့ ပြင်ဦးလွင်ဘက်တွေမှာပါ ငလျင်ဒဏ်ကို ခံစားရတယ်လို့ ဒေသခံပြည်သူတွေက ရန်ကုန်ခေတ်သစ်ကို ပြောပါတယ်။
- ပဲခူးတိုင်းက မင်းလှမြို့နယ်မှာ အကြမ်းဖက် စစ်ကောင်စီတပ်သား အချင်းချင်း လက်နက်ကြီးနဲ့ မှားယွင်းပစ်ခတ်မှုကြောင့် ကျွဲမကိုင်းကျေးရွာမှာ ယာယီတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေကို ထိမှန်ပြီး စစ်သား ၇ ဦး သေသွားတဲ့ သတင်းအပါအဝင် နေ့လယ်ခင်းသတင်းတွေကို တင်ဆက်ပေးပါမယ်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar
